ငါတို့ရင် အစဉ်သာ ထာဝရပါ


၂၀၁၁ခုနှစ် သြဂုတ် (၁၆)ရက်
Kayah Sue
တပ်မတော်သည်သာ အမိလား
တပ်မတော်သည်သာ အဖလား
အခုခေတ်မှာ ငါသာမသိ။

၆၃နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ပေးပို့သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ သ၀ဏ်လွှာ

ကရင်နီပြည်တပ်မတော်တပ်ဗိုလ်တပ်မှူးတပ်သားအားလုံးတို့ခင်ဗျား-

ယနေ့၂၀၁၁ခုနှစ် သြဂုတ်လ (၁၇)ရက်မှာ ကျရောက်တဲ့ (၆၃)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခါသမယမှာ အရာရှိ၊အရာခံ၊တပ်ဗိုလ်၊ တပ်မှူး၊ တပ်သားအားလုံး မိမိတို့ကျရာတာဝန်တွေကို ထမ်းဆောင်နေကြတဲ့ နေရာ၊ ဒေသအသီးသီးတွေမှာ ကျန်းမာချမ်းသာစွာ ဘေးအန္တာရာယ် အသွယ်သွယ် ကနေ ကင်းလွတ်ပြီး ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ် စောင့်ရှောက်နိုင်ကြပါစေလို့

တော်လှန်ရေး


တော်လှန်ရေးဆိုတာ လက်နက်တည်းကိုင်လို့
တော်လှန်တာမဟုတ်။

ငါ့ဥယျာဉ်

ကယားဆူး
 (၀၈/၀၄/၂၀၁၁)

မိုးမြင့်ယံမှာ မင်းပျံသန်းနေ
ဖူးပွင့်နေတဲ့ ပန်းလေးတွေပေါ်
အဆိပ်မိုးရေ ရွာချနေတာလား။

ပုံပြင်သတဲ့လား

July 30, 2011

ရှေးရှေးတုန်းက အဘိုးအဘွားတွေ ပုံပြင်ပြောရင်ပေါ့
ပုံပြင်တွေ ဟုတ်လိုလို မဟုတ်လိုလို စိတ်ဝင်စား အလွန်ကောင်းတယ်။

ခဲတောင်ရဲ့ ခြုံကြားထဲက ညည်းတွားသံ

ရေးသားသူ - မိုထျေးကေး

ဗုဒ္ဓဟူးနေ့, 13 ဇူလိုင်လ 2011 14:43
လိုပွာခို ဆိုတဲ့ ဒေသခံကရင်တွေ အခေါ်အဝေါ်ရဲ့ အဓိပ္ပါယ်ဟာ မြန်မာလို ခဲတောင်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် လိုပွာခို ခရိုင်လို့ နာမည်ပေးထားတဲ့ ကရင်နီပြည်နယ်အတွင်းရှိ အမှတ် ၂ ခရိုင်ဟာ မော်ချီးဒေသလို့လည်း လူသိများကြပါတယ်။

“ကျွဲချိုမဖြောင့်မချင်း၊ သံလွင်မြစ်ရေမခမ်းးမချင်း၊ ဆင်ဖြူဂူမပြိုမချင်း ထာဝရမိတ်ဆွေဖြစ်ရမယ်”

ရေးသားသူ - သုဓနု 
အင်္ဂါနေ့, 12 ဇူလိုင်လ 2011 17:09 

စပါးရိတ်သိမ်းပြီးချိန် ဆောင်းရာသီအတွင်း  ကျနော်တို့အဖွဲ့ဟာ မြင်းကောင်ရေအား (၇၅) ကောင်ရှိ ဒီဇယ်စက် တပ်ဆင်ထားတဲ့ လူ ၂၅ ယောက်ခန့် တင်ဆောင်နိုင်တဲ့ စက်လေလေးတစ်စီးဖြင့် ခရီးထွက်ခဲ့ကြတယ်။ ကျနော်တို့ (၅) ယောက်ဟာ စက်ဆီကို ချွေတာတဲ့အနေနဲ့ စက်မနိုးဘဲ လှော်တက်နဲ့ ထိုးဝါးကိုအားကိုးပြီး နန့်ပန်ချောင်းအတိုင်း စက်လှေကို  မျှောဆင်းခဲ့ကြပါတယ်။

ရွာထဲသို့ လက်နက်ကြီးများပစ်ချ၍ ရွာသားများဒဏ်ရာရရှိ

ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) အင်္ဂါနေ့, 12 ဇူလိုင်လ 2011 11:52 

ကရင်နီပြည်ဖာဆောင်းမြို့နယ် ထီးဒူးခီးစခန်းတွင် အခြေချသည့် မြန်မာအစိုးရတပ်စခန်းအား ကရင်နီတပ်မတော် စစ်ဦးစီးတပ်မှ ၀င်ရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်မှ ရွာထဲသို့လက်နက်ကြီးများဖြင့် လှမ်းထု၍ ရွာသားများဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။

အဖေ့ရဲ့အိမ်


တနင်္ဂနွေ ဇူလိုင်၀၉ ၂၀၁၁ခုနှစ်
ကယားဆူး

အဖေဟာ သားမွေးဖခင်
ကျေးဇူးတော် ဂုဏ်တစ်ပါး
အဖေဟာ သားအတွက် အနာဂတ်လမ်းပြ

136th Karenni National day June_21_ 2011_In_USA_Part_1.by_KayahSue



www.youtube.com/kayahsue9  အပိုဒ်(၁၃)ပိုဒ်ရှိတယ်။ ကြည့်လိုက်ပါအုံး။ အမေရိကန် နောက်ကရိုလိုင်းနားပြည်နယ်က ကျင်းပပြုလုပ်တဲ့ ၁၃၆ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ပါ။

ဆက်သွယ်ရေး ဖြတ်တောက်ဖို့ KIO တံတား ၃ ခု ဖောက်ခွဲ

ဗုဒ္ဓဟူး, 15 ဇွန် 2011
ဓာတ်ပုံ ASSOCIATED PRESS
တိုက်ပွဲအတွင်း ကျဆုံးသွားသည့် ကချင်ရဲဘော်တဦးအား
စစ်ဆေး ကြည့်ရှုနေသည့် KIA တပ်ဖွဲ့ဝင်အချို့

မြန်မာစစ်သားတွေ လာပြီးပူးပေါင်းဘို့ KIO ကချင်တပ်က စာဖြန့်


2011-06-15 RFA

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က အစိုးရတပ်တွေကို မိမိတို့နဲ့ ပူးပေါင်းကြဖို့ စာတစောင် ဒီကနေ့ ထုတ်ပြန်ပြီး အစိုးရ တပ်စခန်းတွေ ရှိတဲ့ နေရာတွေကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

အစိုးရနှင့် မပြေလည်သေးသ၍ ဒုက္ခသည်များကို သည်းခံလက်ခံထားဖို့…

ရေးသားသူ - ဂျွန်မိုးနိုင်
 ဇွန်လ ၁၅ရက် ၂၀၁၁ခုနှစ်

အသားညိုညိုနဲ့ အသက် ၃၂  နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်မီမယ်ဟာ ကလေး ၄ ယောက်မိခင်ဖြစ်ပါတယ်။ အကြီးဆုံးသားက ၈ နှစ်အရွယ်ထဲမှာပါ။ ကျန်တာတော့ ပုစုခရုတွေပါဘဲ။ အငယ်ဆုံး ၃ လ သမီးကတော့ တောထဲမှာပြေးရင်း၊ ပုန်းရင်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့

ဇွန်၈ရက် ၂၀၁၁ခုနှစ်

ဒီစကားလုံးကို ကျနော် တော်တော် နှစ်သက်ပါတယ်။ ဒီဆောင်ပုဒ်က ကျောင်းတိုင်းမှာလည်း ကျနော်တွေ့နေရပါတယ်။ တကယ့် ကျောင်းတွေအတွက်လို့ ယုံကြည်ပါတယ်။ ဆောင်ထားသင့်တဲ့ စကားလုံးလို့လည်း ကျနော်ထင်ပါတယ်။ ဘယ်အခြေအနေပဲရောက်ရောက် မမေ့သင့်ဘူးလို့ ပြောချင်ပါတယ်။

အဝေးက အမေ


ရက်စွဲ= ၀၆/၀၆/၂၀၁၁
ရေးသားသူ= ခူးကျော်ငြီမ်း

တချိန်တုန်းက အမေရဲ့ ၀မ်းတွင်း၌နေပြီ လူ့လောကထဲ ရောက်လာခဲ့တယ်။ ပြီးတော့ ပညာသင်တဲ့အရွယ် ရောက်တော့လည်း အမေရဲ့ နွေးထွေးမှုအောက်၊ အမေ့ခြေရင်းမှ ထွက်သွားခဲ့ရပါတယ် အခုတော့လည်း အမေ့ကို ဒုက္ခမျိုးစုံပေးပြီး အမေ့အနားသာမက အမိမြေကိုပါ အဝေးဆုံးထွက်ခွာသွားသော သားမိုက်ကို ခွင့်လွတ်ပါ။

ဆိုတရှား (သို့မဟုတ်) မိဘထက် လေးမြတ်တဲ့ သခင်

ရေးသားသူ - စေးရယ်စိုး  
ကြာသာပတေးနေ့, 02 ဇွန် 2011 12:58 

“ဆိုတရှား” လို့ ဆိုလိုက်ရင် ကရင်နီပြည် သံလွင်အရှေ့ဘက်ကမ်းက ကရင်နီလူမျိုးတွေ မသိသူ၊ မကြားဖူးသူ မရှိသလောက်ပါဘဲ။ ဆိုတရှားဟာ ကရင်နီပြည် သံလွင်အရှေ့ဘက်ကမ်းက အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေပေါင်း သုံးထောင်ကျော်ရှိတဲ့ တောင်ဟာ ဆင်ပုံသဏ္ဌကဲ့သို့ ထင်ရှားတဲ့အတွက် ဒေသခံတို့က ဆိုတရှားကို “ဆင်တောင်” လို့ တင်စားခေါ်ဝေါ်ထားကြတာပါ။
ဆိုတရှားတွင် ပူဇော်ပသရန် စီစဉ်နေကြစဉ် (ဓါတ်ပုံ-ယွီရယ်)

ပေါင်းလောင်းဆည်သည် ၂၀၁၂ခုနှစ်အတွင်း အပြီးစီးတည်ဆောက်မည်ဟု စစ်အစိုးရက မျှော်လင့်ထား

ဇွန်လ ၀၂/၂၀၁၁ခုနှစ်

ပြောင်းစေအမိန့်ဖြင့် နှင်ထုတ်ခံရခြင်း အစီရင်ခံမှ အရှေ့မျက်နှာ
ပေါင်းလောင်းဆည်သည် ၂၀၁၂ခုနှစ်အတွင်းတွင် အပြီးစီးတည်ဆောက်မည်ဖြစ်သောကြောင့် ပေါင်းလောင်းဆည်အနီးအနားတွင် နေထိုင်ကြသည့် ကျေးရွာပေါင်း ၂၃ရွာသည် ၂၀၁၁ခုနှစ် အောက်တိုဘာလ နောက်ဆုံးထားပြီး ပြောင်းရွေ့သွားရမည်ဟု စစ်အစိုးရက အမိန့်ပေးထားသည်။ ယခုချိန်ထိ ၎င်းကျေးရွာလူထုများသည် တစ်အိမ်မှ ပြောင်းရွေ့နေထိုင်ခြင်း မရှိသေး။ အကယ်၍ ရေတက်လာလျှင် တစုံတခုဖြစ်သွား၍ တာဝန်မယူဘူးဟု စစ်အစိုးရက ပြောသွားသည်ဟု သိရှိရပါသည်။


`တချို့က ပြောင်းရမည့် မြေနေရာကိုရွေးထားတယ် တချို့က ဘယ်နေရာကိုပြောင်းရွေ့ ရမှန်းမသိသေးဘူး။
ဒါပေမဲ့ စစ်အစိုးရက အောက်တိုဘာနောက်ဆုံးထားပြီး ပြောင်းရွေ့ ဖို့ အမိန့် ပေးထားတယ် `ဟု ကယန်းမျိုးဆက်သစ်လူငယ်မှ မူမိုးလေးက ပြောသည်။

ပေါင်းလောင်းဆည် စီမံကိန်း
၎င်းပေါင်းလောင်းဆည်သည် ရှမ်းပြည်နယ်အတွင်း တည်ရှိသည့် ပေါင်းလောင်းမြစ်အထက်ပိုင်းတွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြင့် တည်ဆောက်နေပါသည်။ လျှပ်စစ်ဓာတ်အား ၁၄၀ မီဂါဝပ်ဖြင့် ထုတ်လုပ်ရန် လျာထားသည်။ ၎င်းဆည်သည်  နေပြည်တော်၏ အရှေ့တောင်ဖက် ၅၀ ကီလိုမီတာအကွာတွင် ရှိနေပါသည်။ တည် ဆောက်မှုလုပ်ငန်းများသည် ၆၀% မျှ ပြီးစီးနေပြီ ဖြစ်သည်။

၎င်းဆည်သည် ဆွီဇာလန်နိုင်ငံမှ Af Colenco ကုမ္ပဏီကို တည်ဆောက်ရေး အင်ဂျင်နီယာဒီဇိုင်း လုပ်ငန်းများအတွက် ငှားရမ်းခဲ့ပြီး ရေကာတာတည်ဆောက်ရေးလုပ်ငန်းများကိုလည်း ကြီးကြပ်လျှက် ရှိနေပါသည်။ လန်ဒန်အခြေစိုက် Malcom Dustan Associates (မဲလ်ကွမ်နှင့် လုပ်ဖော်ကိုင်ဖက်များ)၊ တရုတ်နိုင်ငံမှ ယူနန်အကြီးစား စက်ပစ္စည်းများ ပြည်ပတင်ပို့ရေးကုမ္ပဏီ (Yunnan Machinery and Export Company) တို့က ၎င်းစီမံကိန်းတွင် ပါဝင် လုပ်ဆောင်နေကြပါသည်ဟု ကယန်းမျိုးဆက်သစ်လူငယ်မှ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုစီမံကိန်းသည် မြန်မာစစ်အာဏာပိုင်များက ဥရောပနှင့် တရုတ်ကုမ္ပဏီများ ပူးပေါင်းပြီး တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာတည်ဆောက်ရေးလုပ်ငန်း ပြင်ဆင်မှုအနေဖြင့် ပြည်သူပေါင်း ၈,၀၀၀ ကို သူတို့၏ အိုးအိမ်များမှပြောင်းရွှေ့ရန် အမိန့် ပေး နှင်ထုတ်ခဲ့ပါသည်။ ဤစီမံကိန်းမှ ရရှိလာသော လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်သို့ ပို့ဆောင်ရန် ရည်ရွယ် ထားသည်ဟု ကယန်းမျိုးဆက်သစ်လူငယ်မှ မြန်မာနိုင်ငံတွင် ဥရောပ-တရုတ် ပူးပေါင်းတည်ဆောက်မည့်ရေကာတာစီမံကိန်းကြောင့် လူပေါင်း ၈,၀၀၀ ကျော် အိုးအိမ်အခြေပျက် ပြောင်းရွှေ့ရဖွယ် ရှိနေခြင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
``ဘာမှတော့မဟုတ်ဘူး ဒါပေမဲ့ အာဏာပိုင်က တကယ်လို့ မပြောင်းဘူးဆိုရင် ရေတက်လာလို့ တခုခု ဖြစ်ရင် တာဝန်မယူတဲ့ အကြောင်းပြောခဲ့တယ်``ဟု  ကယန်းမျိုးဆက်သစ်လူငယ်မှ မူမိုးလေးက ပြောသည်။
ပြောင်းရွေ့ခံရမည့် ကျေးရွာမှ အိမ်တစ်လုံး

ထိုပေါင်းလောင်ဆည်တည်ဆောက်ခြင်းဖြင့် စစ်အစိုးရများက အတင်းအဓမ္မလုပ်အားစေခိုင်းခြင်း၊ အိမ်မြေနေရာပြောင်းရွေ့ခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ လစဉ်ကြေးကောက်ခံခြင်း၊ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့် ပိတ်ပင်ခြင်းနှင့် လွတ်လပ်စွာ တောင်ယာလုပ်ခွင့် တားမြစ်ခြင်းစသည့် မသိရှိသေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ရှိနေနိုင်ပါသည်။

ပေါင်းလောင်းမြစ်
တည်ဆောက်သည့် ပေါင်းလောင်းဆည်ကြီးသည် (၆၁)စတုရန်း ကီလိုမီတာ ကျယ်ပြီး ကျေးရွာပေါင်း (၂၃)ရွာ ရေလွမ်းမိုးသွားမည်ဖြစ်၍ လူဦးရေ (၈၀၀၀)ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်မည်။ ထိုဆည်လှောင်တာမံသည် ပြီးခဲ့သည့် ၂၀၀၄ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၉ခုနှစ်မှာ အပြီးသတ်ရန် ရည်ရွယ်ထားခဲ့သော် မပြီးစီးသေးသည့်အပြင် လာမည့် ၂၀၁၂ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ထားကြောင်း ကယန်းမျိုးဆက်သစ်လူငယ်မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

လောပိတ စက်ရုံ၌ မြေပြိုကျ၍ အလုပ်သမား ၆ ဦး သေဆုံး

အင်္ဂါနေ့, 31 မေလ 2011 19:30  


 
 
 
ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ရှိ လောပိတ (ဘီလူးချောင်း) ရေအားလျှပ်စစ်စက်ရုံ အမှတ် ၃ ကို ဆောက်လုပ်နေသော ဆောက်လုပ်ရေး အလုပ်သမားများသည် မေလ ၁၇ ရက်နေ့က မြေပြိုကျမှုကြောင့် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အမှတ် ၃ စက်ရုံမှ ရေထွက်ရန် ရေလမ်းကို မြေအောက်တွင် လှိုဏ်ခေါင်း ဖောက်လုပ်၍ လှိုဏ်ခေါင်းတွင်း၌ ၀င်ရောက်အလုပ်လုပ်နေကြသော အလုပ်သမားများသည် မြေပြိုကျမှုကြောင့် ၆ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု  ကရင်နီဖွံ့ဖြိုးရေးနှင့် သုတေသနအဖွဲ့မှ ဒါရိုက်တာ တော်ရယ်က ပြောသည်။   
လောပိတ အမှတ် ၂ စက်ရုံ
လောပိတ အမှတ် ၂ စက်ရုံ
 ၎င်းက “ဒဏ်ရာရတာ တချို့ရှိတယ်။ ဘယ်နှစ်ယောက် ဒဏ်ရာရလဲတော့ အတိအကျ မသိဘူး။ ဒါပေမယ့် အဲမှာ တခါတည်း သေတာ ၆ ယောက် ရှိတယ်လို့ ပြောတယ်” ဟု ပြောသည်။

မြေပြို၍ သေဆုံးသူများ အထဲတွင် တရုတ် အင်ဂျင်နီယာ တဦးလည်း ပါဝင်ကြောင်း၊ ၎င်းသည် မြေပြိုသည့် အချိန်တွင် မြေအောက် လှိုဏ်ခေါင်းတွင်း၌ အလုပ်သမားများကို ဦးဆောင်အလုပ်လုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ် ၃ စက်ရုံ၌ မြေပြိုကျသည့်အတွက် ဆောက်လုပ်ရေး အလုပ်သမား ၆ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ အလုပ်သမားများသည် ဒေသခံများ မဟုတ်ခဲ့ကြောင်း ဒေသခံများကလည်း ဆိုကြသည်။

အမှတ် ၃ စက်ရုံ ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေး ပစ္စည်းများကို ထိုင်းပစ္စည်းများ ၀ယ်ယူရန် ယခင် မဆောက်လုပ်သေးခင် တာဝန်ရှိသူများက ပြောဆိုခဲ့သေးကြောင်း၊ သို့သော် နောက်ဆုံးတွင် တရုတ် ဆောက်လုပ်ရေး ပစ္စည်းများကိုသာ ပြန်လည်ဝယ်ယူပြီး ဆောက်လုပ်ကြောင်း၊ ဆောက်လုပ်သူများသည် တရုတ်နိုင်ငံမှ အင်ဂျင်နီယာ အဖွဲ့ ဖြစ်ကြောင်း တော်ရယ်က ဆက်ပြောသည်။

ကရင်နီပြည်နယ်တွင် ယခု ဆောက်လုပ်နေဆဲ ဖြစ်သော လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ် ၃ အပါအ၀င် လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ် ၁နှင့် အမှတ် ၂ ဟူ၍ ၃ ခု ရှိသည်။ အမှတ် ၂ စက်ရုံသည် လွန်ခဲ့သည့် ၁၉၆၀ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ပြီးဆုံးခဲ့ကာ လျှပ်စစ်ဓါတ်အား ၁၆၈ မီဂါဝပ် ထုတ်လုပ်ပေးသည်။ အမှတ် ၁ စက်ရုံသည် ၁၉၈၆ ခုနှစ်တွင် အစပျိုးခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပြီးဆုံးသွားခဲ့ကာ စစ်ရုံ၏ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်စွမ်းမှာ ၂၈ မီဂါဝပ် ဖြစ်သည်။ ယခု ဆောက်လုပ်နေသေးသော အမှတ် ၃ စက်ရုံသည် လျှပ်စစ်ဓါတ်အား မည်မျှ ထုပ်လုပ်မည်ကို မသိရသေးပေ။

ထို့အပြင် ကရင်နီပြည်နယ် ဘောလခဲမြို့နယ်ရှိ သံလွင်မြစ်နှင့် ပွန်ချောင်းပေါ်တို့တွင် ဆည် ၂ ခု၊ လွိုင်ကော်မြို့နယ် မြောက်ပိုင်းရှိ သဖက်ချောင်းပေါ်တွင် ဆည် ၁ ခု စုစုပေါင်း ဆည် ၃ ခု ထပ်မံတည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားများ ထုပ်လုပ်ရန် ယခင် မြန်မာစစ်အစိုးရက တရုတ် ယူနန်ပြည်နယ် ရေးအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်သော ဒါးတန်း ကောင်ပိုရေးရှင်း (Datang Corporation)နှင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇန်န၀ါရီလတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် လူကြီးလူငယ် ရာမအတော်သုံးစွဲနေ


မေ၂၈ရက် ၂၀၁၁ခုနှစ် 

ယခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ကလလတ၊ ကယန်းပြည်သစ်၊ ရဲနှင့် အာဏာပိုင် စစ်တပ်များက ပိတ်ပင်မှုမရှိ စီးပွားရှာပြီး မိမိတို့ကိုယ်တိုင် ရာမဆေးပြားကို လိုက်ပတ်ရောင်းချနေသည်ဟု သိရှိရပြီး မြို့တွင်းတွင်လည်းကောင်း ကျေးရွာတွင်လည်းကောင်းရာမဆေးပြားကို သုံးစွဲလာနေသည်ဟု သိရှိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုသွားသောကြောင့် မော်ချီးအောက်ရွာမှ လူနှစ်ဦးသေဆုံး


မေ၂၈ရက် ၂၀၁၁ခုနှစ်

မိုးချိန်ခါမဟုတ်ပြီး တစ်ရက်တည်း မိုးနှစ်ခါ သည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကမ်းပါး မြေပြိုကျလာ၍ ကရင်နီပြည် မော်ချီးအောက်ရွာမှ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး ကျန်တစ်ဦးက ရရှိထားသည့်ဒဏ်ရာနှင့် မော်ချီးဆေးရုံးတွင် သေဆုံးသွားသည်ဟု သိရှိရသည်။

ကရင်နီပြည်နယ်ရှိ မြို့တွင်းများနှင့် အခြားမြို့သို့ သွားသည့်လမ်းမတစ်လျှောက်တွင် ဗမာစစ်တပ်များ တပ်ကြပ်စွာစောင့်ကြည့်နေ


မေ၂၇ရက် ၂၀၁၁ခုနှစ်

၂၀၁၁ခုနှစ် နှစ်ဦးပိုင်းကနေ ယခုချိန်ထိ ကရင်နီပြည် လွိုင်ကော်မြို့နယ်မှ အခြားမြို့သို့ သွားသည့် လမ်းမတစ်လျှောက်တွင် ဗမာစစ်တပ်များ တင်းကြပ်စွာ စောင့်နေ၍ သွားလာနေသည့် လူထုများက ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေသည်။

Such is life


Bweepeh

Born in Burma, a right of high importance
I am not safe, many dangers, not how life should be
But we get by, my mum and I
Happy on our land, making the best of what we can
Soon time called for change, we had to move from place to place
SPDC was pushing our

ကရင်နီ တောင်သူများ စပါး ဈေးနှိမ် ၀ယ်ခံနေရ


ရေးသားသူ - ကန္တာရ၀တိတိုင်း(မ်)
ကြာသာပတေးနေ့, 26 မေလ 2011 20:53 

ကရင်နီပြည်နယ်တွင် တောင်သူလယ်သမားများသည် လာမည့် စာသင်နှစ်၌ သားသမီးများအား ကျောင်းထားနိုင်ရန်အတွက် မိမိတို့၏ စပါးများအား ထုတ်ရောင်းချနေကြရာ ကုန်သည်များ၏ အထူး ဈေးနှိမ်ဝယ်ခြင်းကို ခံနေရသည်ဟု ဒေသခံများက ပြောကြသည်။

မဖြစ်ပါနဲ့


၂၀၁၁ခုနှစ် မေ၂၆ရက် / ကယားဆူး

ကိုယ့်ညီရယ် မမိုက်စမ်းပါနဲ့
သူတို့နင့်ကို ဘယ်လောက်များပေး
တံခါးမှူးကို လုပ်နေရလဲ။

ကိုယ်ပိုင်တာပဲ ဘာဖြစ်လဲ


ကရင်နီဗျည်းအက္ခရာ

ကိုယ်ပိုင်တဲ့ဗျည်း ကိုယ်ပိုင်တဲ့အက္ခရာ
ကိုယ်ရေးတာဟာ ဘာဖြစ်လို့လဲ
ဘာဖြစ်လဲနော်။           ။

အမေနေ့

မေလ ၀၈/၂၀၁၁ခုနှစ်
အဝေးက မေမေရယ် ….
သြော် …ဒီနေ့ကြီးက … ဘာနေ့များလဲ
ဒီသက်ရွယ်မျှ ကြီးပြင်းလာတာ

ကရင်နီ မျိုးနွယ်စုများ၏ နှစ်သစ်ကူးနေ့ကို ပြည်တွင်း ကရင်နီ အများစု မသိကြ

ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်)

ယနေ့ ကျရောက်သည့် ကရင်နီ မျိုးနွယ်စုဝင်များ အားလုံးနှင့် သက်ဆိုင်သော ကရင်နီနှစ်သစ်ကူးနေ့ကို ကရင်နီပြည်နယ်တွင်းရှိ ပြည်သူများ အများစုက မသိဘဲ ဖြစ်နေကြသည်။

ကရင်နီဒုက္ခသည်အမှတ်(၁)စခန်း ရှိ ရပ်ကွက်(၁၃)တွင် မီးလောင်

၁၂ရက် မတ်ခ်ျ ၂၀၁၁ခုနှစ်


        ထိုင်းနိုင်ငံ - မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်အမှတ်(၁)စခန်း ရပ်ကွက်(၁၃)၌ မတ်၁၂ရက်နေ့မနက်(၃)နာရီအချိန်လောက်တွင် အိမ်(၂၀)လုံး အိမ်မီးလောင်သွားသည်။ 
ကရင်နီအမျိုးသမီး ပူပေါင်း မှုတ်ပြိုင်သည့် ပုံ
ဒုက္ခသည်ကလေးများရဲ့ ဘဝ

မြန်မာပြည်စစ်အစိုးရဒီမိုကရေစီ

  မတ်ခ်ျ ၀၆/ ၂၀၁၁ခုနှစ် / ကယားဆူး

        ကျွန်တော်က လူငယ်လေးတစ်ယောက်ပါ။ ကျွန်တော်တို့မှာ နိုင်ငံရေးသမားမဟုတ်ဘူးလို့ မဆိုနိုင်ပါဘူး။ ကိုယ်က နိုင်ငံရေးမလုပ်ပါဘူးလို့ ဆိုရင်လည်း ဘယ်သူမှ မလွှဲမသွေ တစ်တောင့်တစ်နေရာမှာ လုပ်ဆောင်နေပြီးသားပါ။ နိုင်ငံရေးက လူတိုင်းနဲ့ ဆိုင်ပါတယ်။ ပါတီဖြစ်မှ နိုင်ငံရေးလုပ်ရမယ်လို့ မဆိုလိုပါဘူး။ 

သမီးခရီးကား


ဖေဖော်ဝါရီလ ၂၀ရက် ၂၀၁၁ခုနှစ်


အဖေရယ် သမီးရယ်
ဆုံဆည်းဖို့က အချိန်လေးဟာ
အဝေးမှာရှိနေ
မသေချာတဲ့ တစ်နေရာမှာ
ဘ၀ပေးရင်း ရုန်းကန်နေဆ

ကိုယ့်သမိုင်း ကိုယ်မသိတဲ့ အဖြစ်မျိုးမရောက်ဖို့…


ရေးသားသူ - ဒီမင်း  
ဗုဒ္ဓဟူးနေ့, 26 ဇန်န၀ါရီလ 2011 14:48 
တစ်နေ့ထက်တစ်နေ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ကရင်နီသမိုင်းဟာလည်း မှုန်ရီလာလို့ ပျောက်ကွယ်လုနီးပါးရှိနေပါတယ်။ ခေတ်လူငယ်တွေများ လေ့လာမှုအားနည်းလို့လား ဒါမှမဟုတ် ကိုယ့်သမိုင်းအဖြစ်မှန်တွေကို လေ့လာသင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ပိတ်ပင်ထားခြင်းခံနေရလို့လား ဆိုတဲ့ မေးခွန်းတွေထုတ်ရတော့မှာပါ။

ဆရာကြီးထဲဘူးဖဲ - ကရင်နီခွီးစောဖျာများမှ ဆင်းသက်လာသူ…

ရေးသားသူ -  ဒီမင်း၊ ကူးဒူ
သောကြာနေ့, 28 ဇန်န၀ါရီလ 2011 17:04 

စောဖျာကေးဖိုးဒူ
စောဖျာ ကေးဖိုးဒူ
ကရင်နီပြည်က နှစ်စဉ် ပွဲလုပ်ပြီး ကျင်းပတဲ့ တံခွန်တိုင် (ကေးထျိုးဘိုး)
ကရင်နီပြည်က နှစ်စဉ်ပွဲလုပ်ပြီး ကျင်းပတဲ့ တံခွန်တိုင် (ကေးထျိုးဘိုး)
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ရတဲ့ ကရင်နီ အမျိုးသားခေါင်းဆောင် ဆရာကြီးထဲဘူးဖဲဟာ ကရင်နီခွီးစောဖျာခေါ် စောဖျာမျိုးနွယ်ကနေ ဆင်းသက်လာသူ ဖြစ်ပါတယ်။

ကရင်နီတို့ရဲ့အီရိုးနဲ့ မင်္ဂလာအချိန်

ရေးသားသူ -  ကယားထဲ  
ကြာသာပတေးနေ့, 11 ဖေဖော်ဝါရီလ 2010 10:18 

အိမ်ခြေလေးဆယ်လောက်သာရှိတဲ့ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက ရွာလေးတစ်ရွာမှာ မကြားစဖူး မီးစက်တွေ နိုးထားတယ်။ မမြင်စဖူး အိမ်တစ်အိမ်မှာ မီးတွေလင်းနေလို့ စိတ်ဝင်စားမိရင်းနဲ့ ကျနော့်ခြေလမ်းတွေ အဲဒီမီးလင်းနေတဲ့အိမ်ကို ခြေဦးတည့်မိခဲ့တယ်။

ရှေးထုံးကို မပယ်တဲ့ ကရင်နီတို့ရဲ့တောင်ယာလုပ်ငန်း

ရေးသားသူ - ကယားထဲ  
တနင်္လာနေ့, 19 ဇူလိုင်လ 2010 00:21 

တောင်တန်းတွေ ကာဆီးထားတဲ့ ကျေးလက်ကျေးရွာလေး တစ်ရွာရဲ့ ထရံတဲအိမ်လေး ၀ရန်တာ အပြင်ဘက်မှာ လူကြီးလူငယ် စုဝေးနေကြတယ်။

ကယားအစ ကရင်နီက

ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်)  
တနင်္လာနေ့, 01 ဖေဖော်ဝါရီလ 2010 09:44 

“ဗမာက ကျနော်တို့ကို ကရင်နီကနေ ကယားလို့ ပြောင်းလဲခေါ်တာ ဘယ်သူက သွားသဘောတူရမှာလဲ။”
အေးမြလှတဲ့ ညချမ်းရာသီဥတုချိန်ခါကို အန်တုပြီး လွိုင်ကော်မြို့ရဲ့ ချိကယ်-ထျေးသမရွာ အနောက်ဘက်က ကန္ဒရ၀တီအားကစား ရေပြင်ထဲကို ၀င်ရောက်နိုင်ဖို့ အလုအယက် တန်းစီပြီး တိုးဝင်နေရတယ်။

ကေ့ဖိုးဒူ ထားခဲ့သော ကံတရား မြေအိုးနှင့် ထူးမြတ်သော ကေးလျား

ရေးသားသူ - ကယားထဲ
တနင်္လာနေ့, 03 မေလ 2010 11:21 

နွေရာသီကာလမို့ ပူပြင်းလှသော နေဒဏ်ကို ခံစားရင်း သူငယ်ချင်း တစ်စုသည် ထော်လာဂျီစက်ဖြင့် မရောက်ဖူးသေးသော ကေးလျားရွာ ကေးထျိုးဘိုး ပွဲတော်သို့ အလည်တစ်ခေါက် ရောက်သွားခွင့်ရသည်။

ပျောက်ကွယ်လုနီး ကယောရိုးရာ အိမ်သစ်တက်ပွဲ

ရေးသားသူ -  ဒေလီထက်

စနေနေ့, 04 စက်တင်ဘာလ 2010 22:50 

လေဒဏ်၊ မိုးဒဏ်၊ နေဒဏ်တွေကို တားဆီးကာကွယ်နိုင်ဖို့ လူတိုင်းလူတိုင်းဟာ အရိပ်ရတဲ့ ဓနိမိုး၊ ဖက်မိုး၊ သွပ်မိုး၊ ပျဉ်ထောင်အိမ်၊ တိုက်အိမ် စတဲ့ အိမ်လေးတွေကို ဆောက်ပြီး နေထိုင်ကြရပါတယ်။ အိမ်တွေ ဆောက်ပြီးပြီဆိုရင်လဲ အိမ်သစ်တက်ပွဲကို ကျင်းပပြုလုပ် လေ့ရှိကြပါတယ်။

ကရင်နီလူငယ်တို့၏ ဒီးကူပွဲ ဖိတ်ခေါ်သံ

ရေးသားသူ - ကယားထဲ  
အင်္ဂါနေ့, 28 စက်တင်ဘာလ 2010 16:02 

ရန်ကုန်၊ လွိုင်ကော် ရွှေကိန္နရီ ခရီးသည်တင်ကားသည် မှောင်ရီနေသေးသည့် မနက်စောစော၂ နာရီအချိန်တွင် လွိုင်ကော် ရွှေကိန္နရီ ကားဂိတ်သို့ တဖြည်းဖြည်း ဆိုက်လာသည်။ တိုင်းတစ်ပါးခြားနှင့် မြို့ကြီးပြကြီးများတွင် မိမိဒေသ၊ လူမျိုးအတွက် ပညာရှာသည့် သူများ၊ အလုပ်လုပ်ကြသည့် သူများသည်  ဇာတိချက်ကြွေ မွေးရပ် ကယားမြေကို အလည်ပြန်လာကြသည့်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ပါတီဥက္ကဌကြီး ခူးထဲဘူးဖဲ၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်း



၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့

          ခူးထဲဘူးဖဲသည် အဖ ခွီးဆူ နှင့် အမိမော်ဖိုးမာတို့မှ ကရင်နီပြည်၊ ဖရုဆိုမြို့နယ်၊ ကေးလျားကျေးရွာ၌ ၁၉၃၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် မွေးဖွားခဲ့သော သားသမီး(၆)ဦးအနက် ပဉ္စမမြောက်သား ဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီဥက္ကဌ ခူးထဲဘူးဖဲ အသက်ရပ်တန့်သွား


 ၂၀၁၁ခုနှစ် ဇန်န၀ါရီလ (၂၇)ရက်

          ကရင်နီအမျိုးသားတိုးတက်ပါတီဥက္ကဌ ခူးထဲဘူးဖဲသည် ယနေ့ ၂၀၁၁ခုနှစ် ဇန်န၀ါရီလ (၂၇)ရက်နေ့ ညနေ (၃)နာရီအချိန်လောက်တွင် အသက်ရှူရပ်တန့်သွားသည်။

Alumni Reunion သို့ တက်ရောက်လာသော ကရင်နီလူမှုဖွံ့ဖြိုးရေးကျောင်းသားဟောင်းများ

ကရင်နီလူမှုဖွံ့ဖြိုးရေးကျောင်း ကျောင်းသား/သူဟောင်းများ











ကရင်နီလူမှုဖွံ့ဖြိုးရေးကျောင်း၌ Alumni Reunion and Strategy Workshop ပြုလုပ်နေ

၂၀၁၁ခုနှစ် ဇန်န၀ါရီလ (၂၂)ရက်

KSDC (Karenni Social Development Center) ကျောင်းသားဟောင်းများ


            ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ကရင်နီဒုက္ခသည် အမှတ်(၁)စခန်းတွင် ၂၀၁၁ခုနှစ် ဇန်န၀ါရီလ (၂၂)ရက်နေ့တွင် ကျောင်းသား/သူဟောင်းများ ပြန်လည် ဆုံဆည်းခြင်းနှင့် ရှေ့ဆက်လုပ်ငန်းများ အောင်မြင်အောင်လုပ်ဆောင်နိုင်ရန် အခမ်းအနားတစ်ရပ်ကျင်းပပြုလုပ်သွားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီဥက္ကဌ ခူးထဲဘူးဖဲသည် (၉၆)ပါးသော ရောဂါဝေဒနာနှင့် ခံစားနေရ

ဇန်န၀ါရီလ(၂၂)ရက်နေ့ ၂၀၁၁ခုနှစ်


               အသက်(၇၄)နှစ်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ/ ကရင်နီနိုင်ငံတော်ဝန်ကြီးချုပ် ခူးထဲဘူးဖဲသည်. (လူကြီးရောဂါ) (၉၆)ပါးသော ရောဂါဝေဒနာနှင့် ခံစားနေရ၍ ချင်းမိုင်ဆေးရုံသို့ ဆေးကုသမှုခံယူနေပြီး ယခုတွင်၍ မရနိုင်သောကြောင့် ယနေ့၂၀၁၁ခုနှစ် ဇန်န၀ါရီလ (၂၂)ရက်နေ့တွင် မယ်ဟောင်ဆောင်ဆေးရုံသို့ ပြန်လည်ယူဆောင်လာသည်။

မိုးတိတ်ရင် သားပြန်လာခဲ့မယ်

မေမေ …………

အဝေးရောက်နေတဲ့ သားလေး နယ်စပ်တစ်ရောမှ အမေ့ကို သတိရစာရေးလိုက်ပါတယ်။ နေကောင်းကျန်းမာပါတယ်နောမေ။ မွေးရာဇာတိ ဇာနပုဒ်လေးနဲ့ အမေ့တို့ကို  လွမ်းနေတယ်။ အတူတူနေခဲ့ရတဲ့ မိသားစုဘ၀ အတိတ်အကြောင်း ရွာလေးကိုပါ တွေးရင်း ပြန်ရောက်ချင်တယ်။

အိမ်ကို.......


အိမ်ဆိုသံ ကြားရင်
ငါ့နှလုံးထဲမှာ
အမေနဲ့အဖေကို
ဦးစွာ သတိရတယ်

အမိရင်ခွင်

ကရင်နီပြည်
တို့ဌာနီဝယ်
ပေါများကြွယ်ဝ
သံယံဇာတ အထင်ကရမို့။

ဲ မမေ့ရက်ဘူဲးဲ

လမင်းရဲ့ အရိပ်အောက်
မီးပန်းမီးလုံးမီးတုတ်တထောင်ထောင်
ဝဋ်ကြွေးလို့ မဆိုရက်
ကြုံတွေ့ နေရ။

သမိုင်းနဲ့ ရာဇာဝင်

ရှေ့ကအာဇာနည် သူရဲကောင်း
ဒီနေ့ သူတို့ရဲ့ သမိုင်း
ရှေ့က သူတို့ရဲ့လုပ်ရပ်
ဒီနေ့ ချီးမွမ်းမဆုံး။