၂၀၁၁ခုနှစ် မေ၂၆ရက် / ကယားဆူး
ကိုယ့်ညီရယ် မမိုက်စမ်းပါနဲ့
သူတို့နင့်ကို ဘယ်လောက်များပေး
နင်မသိလို့ နင့်ဗိုက်ထဲက
အူမကြီးရောပါ မကျန်ဘူးနော်။
ဘာဖြစ်နေတုန်း
ငတ်မွတ်နေလို့လား ကိုယ့်ညီရယ်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် | နယ်ခြားစောင့်အသွင်သို့ | ပြောင်းသွားသော | ကလလတ (နယ်ခြားစောင့် အမှတ် ၁၀၀၄) |
ကိုယ်နေတဲ့ရွာ ကိုယ့်အိပ်ယာကို
အဖော်သစ်နဲ့ လာနေခိုင်းလို့
ကိုယ့်ခြံထဲက အမွှေပင်တွေ
ခုတ်ကုန်ပါပေရော
နင့်သားသမီးက ဘယ်မှာနေမှာတုန်း
ကိုယ့်ညီရယ် စဉ်းစားပါအုံး။
အဘိုးအဘွား စိုက်တဲ့မြေဥ
မြေလှန်တူးပြီ
ကိုယ့်ညီရယ် နောက်ကိုကြည့်အုံး
ချိန်ထားတဲ့ပေါက်တူးက ခေါင်းလား အသဲလား
ကြည့်လိုက်ပါအုံး ကိုယ့်ညီရယ်။
နင်က ဘာမှမလုပ်ပဲ ဘာရပ်နေလဲ
`စောင့်နေတာ` တဲ့
တစ်ယောက်တည်းတော့ မဟုတ်ဘူး ဟဲ
လုပ်သား လုပ်သား များပါ
ကာပေးတဲ့ အနေနဲ့ပါ တဲ့
ဩော် - - - ခြံစည်းရုံးတိုင်း များတဲ့လား
မဖြစ်ပါနဲ့ ကိုယ့်ညီရယ်။
“သူတို့ များသောအားဖြင့် ရန်သူက သူတို့ကို အခွင့်အရေးပေးထားတယ်။ သတ္တုတွင်းမှာ ၀င်လုပ်နိုင်စွမ်းအားရှိတယ်။ ပြီးမှ သစ်ထုတ်လုပ်ရေးမှာ ပိုဝင်လုပ်တယ်။ ဒါပေမဲ့ အဲဒီမှာ တဖက်လှည့်အနေနဲ့ ရန်သူက အကွက်ဘယ်လိုဆင်ထားလဲဆိုတော့ သူတို့ ဒီစီးပွားရေး လုပ်ရင်းနဲ့ သူတို့ အဖွဲ့ကို ရှေ့တိုး တိုးခိုင်းတယ်လေ။ ရှေ့မှာက သူတို့ နအဖအတွက် အကာအကွယ်ပေးရအောင်ပေါ့ သူတို့တပ်တွေ ရှေ့ကိုတိုးတယ်။ စီးပွားရေးလုပ်ရင်းနဲ့ တိုးလာတာပေါ့” ဟု ဦးဖားမူးက ဆိုသည်။
ကာသပတေးနေ့ 26 မေ 2011 ရက်နေ့မှာ မြန်မာသမ္မတဦးသိန်းစိန် စီးပွားရေးနဲ့လုံခြုံရေး ဆွေးနွေးရန် တရုတ်နိုင်ငံရောက်သွားတယ်
ကိုယ့်ညီရယ် ကြည့်လုပ်ပါအုံး
ဒီမှာသူက ကိုယ့်ဝမ်းစာကို
သူရှာနေပြီ ညီတော့ ခြံစည်းရုံးဖြစ်နေပြီ။
ဓာတ်ပုံ AP |
ကာသပတေးနေ့ 26 မေ 2011 ရက်နေ့မှာ မြန်မာသမ္မတဦးသိန်းစိန် စီးပွားရေးနဲ့လုံခြုံရေး ဆွေးနွေးရန် တရုတ်နိုင်ငံရောက်သွားတယ်
Comments
Post a Comment