- Get link
- X
- Other Apps
Created on Wednesday, 19 June 2013 20:14
Written by ကန္တာရဝတီတိုင်း(မ်)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP )
နဲ့ အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို
ဒီကနေ့မနက် ၁၀ နာရီ၊ လွိုင်ကော်မြို့ တပ်နယ်ခန်းမမှာ စတင်ကျင်းပပြုလုပ်
နေပြီဖြစ်ပါတယ်။
KNPP ဘက်မှ တက်ရောက်သည့် ကိုယ်စားလှယ်အဖွဲ့တွေက ဒုဥက္ကဌ ခူးဦးရယ်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၊ အတွင်းရေးမှူး ၁ ဦးအောင်ဆန်းမြင့်၊ အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်၊ ဆရာဒယ်နီယာ၊ မော်ဒေးဒေးဖော၊ ပဒိုဦးကွယ်၊ ဦးဆော်ရယ်၊ ဦးတော်ရယ် (အက်)၊ ဦးကြည်စိန်၊ ဗိုလ်မှူးကြီးဘုန်းနိုင်၊ ဦးညေးရယ်၊ ခဲရိုသန်း၊ မော်ကူးမယ် တို့ဖြစ်ကြပြီး အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ မှ
ဦးအောင်မင်း၊ ဦးသန်းဌေး၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးဝင်းမြင့် နှင့် ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ( ရပခ) ဗိုလ်ချုပ်စိုးထွဋ်၊ ဗိုလ်မှူးကြီးကျော်စိုးဝင်း၊ ဗိုလ်မှူးကြီးဇော်မျိုးတင်၊ (ဒကစမှူး လွိုင်ကော်) ဗိုလ်မှူးကြီးစောမင်း၊ ဦးထွန်းထွန်းဦး၊ ဥပေချုပ်၊ ဦးတော့ရယ်၊ ဦးစောဟူးဟူး၊ ဦးဆန်းရယ်၊ ဦးစိုးရယ်၊ ဦးလှမောင်ရွှေ တို့ ဖြစ်ကြပါတယ်။
အစည်းအဝေးမှာ KNPP ဘက်မှ ငြိမ်းချမ်းဖြစ်စဉ်ကို စောင့်ကြည့်မည့် monitoring အဖွဲ့ ထားရှိဖို့ မူးယစ်ဆေးဝါးကိစ္စ၊ တပ်ပိုင်းကိစ္စ (သီးခြားဆွေးနွေးမည်)၊ အကြီးစားစီမံကိန်းများ၊ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် IDP အရေးကူညီရန်၊ မြေမြှပ်မိုင်း ရှင်းလင်းရေးတို့နဲ့ ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စတွေ ဖြစ်ကြတဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်လို့ တင်ပြထားပါတယ်။
"အခုလောလောဆယ်တော့ ဒေသအတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် ဆက်လက်ကြိုးစားသွားမယ် ဆိုတာလောက်ပဲ သဘောတူ ထားကြသေးတယ်။ တပ်ကိစ္စတော့ မနက်ဖြန်ဆက် ဆွေးနွေးဖို့ရှိတယ်" KNPP မှ အတွင်းရေးမှူး ၁ အောင်ဆန်းမြင့်က ပြောပါတယ်။
သတင်းဌာနတွေအနေနဲ့ Sky net၊ RFA၊ ပြန်ကြားရေး၊ ပြန်ဆက်၊ စွမ်းအင် (ပြန်ကြားရေး)၊ မြန်မာခေတ်၊ မြန်မာပို့(စ်)၊ ပြည်ခိုင်ဖြိုး (အရှေ့ဆောင်သတင်း)၊ ကန္တာရဝတီတိုင်း(မ်)၊ ပြည်နယ်အစိုးရ မီဒီယာ၊ မော်ဒန်ဂျာနယ်၊ ပြည်ထောင်စု နေ့စဉ်သတင်းစာ ၊ CID မှုခင်းတပ်ဖွဲ့၊ SB တို့ကနေ သတင်းလာယူကြတာ တွေ့ရပါတယ်။
အစည်းအဝေးတက်ရောက်သူ သက်သေကိုယ်စားလှယ်တွေအနေနဲ့ စာပေ/ယဉ်ကျေးမှုကော်မတီမှ ဦးပလုရယ်၊ သာသနာအဖွဲ့မှ ဦးလှဘွယ်ထူး၊ ကက်သလစ် ဆရာတော် ဦးစတီးဖင်း၊ ကရင်နီပြည် လူငယ်များသမဂ္ဂ UKSY အတွင်းရေးမှူးအဖွဲ့မှ ခွန်းအားသန်း၊ လေ့လာသူအနေနဲ့ U.S. Embassy မှ Political Officer Eviu Welstu-Wain နှင့် အမေရိကန်သံရုံးမှ Political Specialist Arthur Aye၊ လူထုကိုယ်စားလှယ်အနေနဲ့ မြို့မိမြို့ဖ ဦးဂျေကလက်တို့ဖြစ်ကြပြီး တခြားဘာသာရေး အဖွဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကယားဖူးနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး ဆရာတော်ခူးရယ်ကျော်ထူး၊ အင်္ဂလီကန်သာသနာနယ် Bishop ဆရာတော်စကိုင်လို၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဥက္ကဌ ဦးစဲရယ်လှဖေ၊ ဒုဥက္ကဌ ဦးမီရယ်မြင့်တို့က တက်ရောက်ကြပါတယ်။

Comments
Post a Comment