ဇွန်လ 22 ၊ 2013
ကယားသဇင်
ထိုကရင်နီအမျိုးသားနေ့သည် ကရင်နီမျိုးနွယ်စုများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည်။ ထို့အပြင် မမေ့ပျောက်နိုင်သည့် နေ့တစ်နေ့လည်း ဖြစ်သည်။ ကယား၊ ကယန်း၊ ကယော၊ ပနူမနော၊ ယင်းဘောယင်းတလဲ၊ ဂေခိုဂေဘား၊ ပကူး၊ အစရှိသည့် ကရင်နီမျိုးနွယ်စုများဖြစ်ကြသည်။
ထိုကရင်နီအမျိုးသားနေ့တွင် ကရင်နီအစိုးရမှ ပေးပို့သော သ၀န်လွှာကို ကရင်နီနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖတ်ကြားသွားပါသည်။ ကရင်နီရိုးရာ အက၊ သီချင်းတို့ ကျင်းပပြုလုပ်ပြီး ကယားအစားအစားကိုလည်းကောင်း နိုင်ငံခြားသား အစားအစားကိုလည်းကောင်းတို့ ဧည့်ခံကျွေးမွေးသည်။ ထို့အပြင် ပန်းချီပြခြင်း၊ ရိုးရာပစ္စည်းပြသခြင်းတို့လည်း ကျင်းပပြုလုပ်သွားပါသည်။
ထို138နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို နှစ်ကြိမ်သာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ကျင်းပနိုင်ရန်အတွက် အလှူရှင်တစ်စုက ကူညီထောက်ပံ့ပေးသွားပါသည်။
Comments
Post a Comment