ခူးဖဲ
ရှမ်းပြည်တောင်ပိုင်း
ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတွင် ဘိန်းစိုက်ပျိုးမှုနှင့် ပါတ်သက်ပြီး ယခုနှစ် ၂၀၁၃ တွင်ပိုမို
တိုးမြင့်နေသည်ဟု ဒေသခံလူထုများက ဆိုသည်။
ထိုဘိန်းစိုက်ပျိုးမှုသည်
ဒေသခံအုပ်ချုပ်ရေးမှူးက ပိတ်ပင်တားဆီးခြင်းမရှိသည့်အပြင် စိုက်ပျိုးနေသည့် လူထုများထံကို
အခွန်ကောက်ခံနေသည်။
ဘိန်းစိုက်သူတစ်ဦး
မောင်နို့က တစ်ယောက်ကို (၅၀၀၀၀)ကျပ် စီကောက်ခံတယ်
ဟု ဆိုသည်။
ဘိန်းစိုက်ခင်း |
ဖယ်ခုံမြို့နယ်
ရဲတပ်ဖွဲ့နှင့် နောင်လိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမော့တို့ အပြန်အလှန်နားလည်မှုယူပြီး
လူထုများကို စိုက်ခွင့်ပြုနေသည့်ဟု ဒေသခံလူထုအချို့က ဆိုသည်။
ထိုဘိန်းစိုက်ပျိုးနေမှုကြောင့်
ရေရှားပါးလာ၍ စပါး၊ ကြက်သွန် အခြားစိုက်ပျိုးရေးကိုလည်း ခက်ခဲကြုံတွေ့နေရသည့်အပြင်
ရေတွင်းများလည်း ရေခမ်းနေဟု ဆိုသည်။
ရေခမ်းသွားသည့် ရေကန် |
Comments
Post a Comment