ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် လူကြီးလူငယ် ရာမအတော်သုံးစွဲနေ


မေ၂၈ရက် ၂၀၁၁ခုနှစ် 

ယခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ကလလတ၊ ကယန်းပြည်သစ်၊ ရဲနှင့် အာဏာပိုင် စစ်တပ်များက ပိတ်ပင်မှုမရှိ စီးပွားရှာပြီး မိမိတို့ကိုယ်တိုင် ရာမဆေးပြားကို လိုက်ပတ်ရောင်းချနေသည်ဟု သိရှိရပြီး မြို့တွင်းတွင်လည်းကောင်း ကျေးရွာတွင်လည်းကောင်းရာမဆေးပြားကို သုံးစွဲလာနေသည်ဟု သိရှိရသည်။

`အဲ့ဒါကတော ကလလတ၊ ယန်းပြည်သစ်၊ ရ၊ဲ စစ်တပ် တွေ ပဲ လိုက်ရောင်းတာ` ဟု ကယန်းအမျိုးသားတစ်ဦး ဆိုသည်။

ထိုကြောင့် ၎င်းအဖွဲ့အစည်း(ကလလတ၊ ယန်းပြည်သစ်၊ ရ၊ဲ စစ်တပ်)များက လိုက်ပတ်ရောင်းချနေ၍ လူကြီးလူငယ် မိန်းခလေး ကအစ ရာမဆေးပြားကို လွတ်လွတ်လပ်လပ် သုံးစွဲနေကြသည်ဟု ဆက်ဆိုသည်။

၎င်းအဖွဲ့အစည်းများ စာရင်းဇယားနှင့် နာမည်ကောက်ခံပြီး ရောင်းချ၍ ယခုတွင် နေရာအနှံ့ သုံးစွဲနေကြပြီ ဖြစ်သည်။ ၎င်းမူးယစ်ဝါးကို ပိတ်ပင်တားဆီးမည့်အစား ယခုတွင် လိုက်ရောင်းချနေ၍ လူကြီးလူငယ်များကို ပျက်စီးစေသည့် သဘောသက်ရောက်နေပါသည်။

၎င်းမူးယစ်ဝါး သုံးစွဲမှုနှင့် ပတ်သက်ပြီး ပိတ်ပင်တားဆီးရာအတွက် ကယန်းအဖွဲ့အစည်းတစ်ဖွဲ့က သွားရောက် ပညာပေးဟောပြောပွဲလည်းကောင်း သင်တန်းများ ပြုလုပ်ပေးသည်။ ၎င်းနှင့်ပတ်သက်ပြီး တချို့ လိုက်နာမှုရှိသလို တချို့တွင်လည်း လိုက်နာမှု မရှိသေးဟု ကယန်းအမျိုးသားတစ်ဦးက ဆက်ဆိုသည်။

Comments