ကရင်နီပြည်နယ်ရှိ မြို့တွင်းများနှင့် အခြားမြို့သို့ သွားသည့်လမ်းမတစ်လျှောက်တွင် ဗမာစစ်တပ်များ တပ်ကြပ်စွာစောင့်ကြည့်နေ


မေ၂၇ရက် ၂၀၁၁ခုနှစ်

၂၀၁၁ခုနှစ် နှစ်ဦးပိုင်းကနေ ယခုချိန်ထိ ကရင်နီပြည် လွိုင်ကော်မြို့နယ်မှ အခြားမြို့သို့ သွားသည့် လမ်းမတစ်လျှောက်တွင် ဗမာစစ်တပ်များ တင်းကြပ်စွာ စောင့်နေ၍ သွားလာနေသည့် လူထုများက ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေသည်။

ထိုကြောင့် မြို့တွင်းတွင် ယခင်နှစ်ထက် စစ်တပ်ပိုမို တင်းကြပ်မှုရှိလာနေပြီး အင်တနက်ဆိုင်များတွင်လည်း အမြဲစောင့်ကြည့်နေသည်။ အင်တနက်တက်ရာတွင်လည်း လွတ်လွတ်လပ်လပ် မတက်ရ။ ထို့အပြင် မိုးဗြဲ၊ ဖယ်ခုံ၊ ဆီးဘူးဘက်သို့ သွားသည့်လမ်း သွားလာရာတွင် ပို၍ စစ်ဆေးမေးမြန်းပြုလုပ်နေသည်ဟု သိရှိရသည်။

ပြည်တွင်းမှ လူထုတစ်ဦးက #ပြောတာတော့ ဖေါက်ကွဲရေးသမား ယောက် ၂၀ ဆယ် ရောက်လာတယ်လို့ သတင်းရတယ် ကရင်နီကလူပြောတာပဲတဲ့  $ဟု ဆိုသည်။

ကရင်နီပြည်နယ်ရှိ မြို့တွင်းများနှင့် အခြားမြို့သို့ သွားသည့်လမ်းမတစ်လျှောက်တွင် ဗမာစစ်တပ်များ တပ်ကြပ်စွာစောင့်နေခြင်းက ကရင်နီမှ ဖေါက်ကွဲရေးသမား အယောက်(၂၀)၀င်ရောက်လာနေသည်ဟု ဗမာစစ်တပ်က ပြောဆိုပြီး ယခုတွင် လူထုများကို ထိန့်လန့်စေသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု သိရှိရသည်။

Comments