မေလ ၀၈/၂၀၁၁ခုနှစ်
အဝေးက မေမေရယ် ….
သြော် …ဒီနေ့ကြီးက … ဘာနေ့များလဲ
ဒီသက်ရွယ်မျှ ကြီးပြင်းလာတာ
ငါခုချိန်ထိ အချိန်နာရီ နေ့ရက်တွေကို
ငါမသိလိုက်ရပါလား … နေ့ရက်က မြန်လိုက်တာ။ ။
သြော် … လူတွေက ပန်းတွေနဲ့
ဘာနေ့ပါလဲ…
ဒီနေ့ကြီးကို သားမသိလို့ ခွင့်လွတ်ပါနော် အမေ။
ဒီနေ့ကြီးဟာ ကမ္ဘာတစ်ဝှမ်းလုံး
ထုဆစ်ထားတဲ့ အမေနေ့(နေ့ထူးနေ့မြတ်)ပေါ့ …
ကိုးလလွယ် ဆယ်လဖွား ပေးတဲ့ အမေများရယ်
ဒီနေ့ဟာ အမေအတွက် အနှိုင်းမဲ့နေ့ပေါ့
သားက မေမေအတွက်
အမေဟာ သားအတွက် မြင့်မိုရ်ဦး
အမေဟာ သားအတွက် ပန်းတစ်ပွင့်
အမေဟာ သားအတွက် ထွန်းတောက်တဲ့ ကြယ်စင်း
အမေဟာ သားအတွက် လမ်း
အမေမေတ္တာ လမင်းတစ်စင်းလို ကျနော့်အတွက် အေးမြခြင်း
အမေဟာ ဘုရားတစ်ဆူ
အမေဟာ တုနှိုင်းမဲ့
အမေရယ် … အမေ့နို့တစ်စက် အကြွေးကို သားဘယ်လိုဆပ်မှာလဲ …
ဒီမေလ ရှစ်ရက်နေ့မှာ အမေတွက်
ကျန်းမာပြီး သက်တော်ရာကျော်ရှည်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အမေသာ အိုနေပါစေ သားအတွက် နုပျိုနေဆဲပါ
အမေရယ် ကျနော်တို့ သားသားမီးမီးအပေါ်
ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်းနဲ့ ပေါင်းစပ်ပြီး
အုပ်မိုးနိုင်ပါစေလို့ ….
အမေနေ့မှာ အမေ့ကို ဂုဏ်ပြုလိုက်ပါတယ်။။
အဝေးက သား
ကယားဆူး
Comments
Post a Comment