မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုသွားသောကြောင့် မော်ချီးအောက်ရွာမှ လူနှစ်ဦးသေဆုံး


မေ၂၈ရက် ၂၀၁၁ခုနှစ်

မိုးချိန်ခါမဟုတ်ပြီး တစ်ရက်တည်း မိုးနှစ်ခါ သည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကမ်းပါး မြေပြိုကျလာ၍ ကရင်နီပြည် မော်ချီးအောက်ရွာမှ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး ကျန်တစ်ဦးက ရရှိထားသည့်ဒဏ်ရာနှင့် မော်ချီးဆေးရုံးတွင် သေဆုံးသွားသည်ဟု သိရှိရသည်။

ထိုကြောင့် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် မေလ(၉)ရက်နေ့ ညနေ(၃း၀၀)နာရီအချိန်လောက်က တစ်ကြိမ် ည(၅း၀၀)နာရီလောက်တစ်ကြိမ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခလေး(၅)ယောက်မိခင် မုဆိုးမအသက်(၅၀)နှစ်ကျော်တစ်ဦးနှင့် အသက်(၃၀)နှစ်ကျော် အမျိုးသမီးတစ်ဦး မော်ချီးခဲများ သွားကောက်ရာ မမျှော်လင့်ပဲ တောင်ကမ်းပါး ပြိုကျလာ၍ အသက်(၅၀)အမျိုးသမီးက ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်အမျိုးသမီးသည် မော်ချီးဆေးရုံးရောက်မှ ပြင်းထန်သည့် ဒဏ်ရာနှင့် သေဆုံးသွားသည်။ ၎င်းနှင့်နှစ်ဦးအတူ လိုက်ပါလာသော အဖော်များလည်း ဒဏ်ရာရရှိခဲ့ကြောင်း မကြာသေးခင်က ပြန်လာသည့် အမှတ်(၂)ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရှိရသည်။

လွန်ခဲ့သည့် ၂၀၀၈ခုနှစ် စက်တင်ဘာလတွင် မော်ချီးအောက်ရွာ တစ်ကြိမ် မြေပြိုခဲ့ပါသည်။ ထိုအချိန်တွင် အိမ်ပျက်စီးမှုရှိပြီး လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိပါ။ ထိုကြောင့် အလားတူ မြေပြိုမှုနှင့် ပတ်သက်ပြီး မော်ချီးဒေသ လိုခါးလိုရွာနားရှိ ခဲကျင်း အမှတ် နံပါတ်(၃)သည် ပြီးခဲ့သည့်နှစ်တွင် မိုးရွာသွန်းပြီး တစ်စိပ်စိပ် မြေပြိုကျလာနေသည်။ ထိုကြောင့် လေ့လာစစ်ဆေးမှုအပေါ် မြေပြိုနိုင်သည့် လက္ခဏာတွေ့ရှိနေသည်ဟု လိုခါးလိုရွာသားတစ်ဦးက ဆိုသည်။

Comments