တနင်္ဂနွေ ဇူလိုင်၀၉ ၂၀၁၁ခုနှစ်
ကယားဆူး
အဖေဟာ သားမွေးဖခင်
ကျေးဇူးတော် ဂုဏ်တစ်ပါး
အဖေဟာ သားအတွက် ဘဝ
အဖေဟာ သားအတွက်အိမ်
အဖေဟာ ကောင်းတဲ့ အသိတရားဘက်ကို ညွန်းပြပေးတယ်
အဖေ့အိမ်ဟာ ငြိမ်းချမ်းမှုပေးတယ်
နွေးထွေးမှုကိုလည်း ပေးတဲ့အဖေ့အိမ်
အိမ်ဟာ အဖေအမြဲပြောတယ် သားသမီးများရဲ့ နားခိုးရာ
အိမ်ဟာ အားလုံးအတွက် ငါဆောက်ထားပေးတယ်
အဖေ့အိမ်ဟာ ရိုးရိုးလေး အိမ်လေးပါ
အကယ်၍ ငါနဲ့ ဝေးဝေးနေရင်
ငြိမ်းချမ်းမှုက မင်းတို့အတွက် ကွယ်ပျောက်နေမယ်တဲ့
ငါနဲ့အတူ ဒီအိမ်တော်မှာ အကုန်ရှိစေချင်တယ်တဲ့။
အဖေ့စကားလေးကို ငါအမြဲကြားယောင်းနေမိတယ်
အခု အဖေ့အိမ်နဲ့ ဝေးကွာနေတဲ့ သားတစ်ယောက်ဖြစ်နေပြီ
ငြိမ်းချမ်းမှုဟာ သားရင်မှာ ကွယ်ပျောက်သွားသလိုပါပဲ
အဖေ့ရဲ့ ငြိမ်းချမ်းမှု နွေးထွေးမှုပေးတဲ့ အိမ်လေးကို
သားပြန်လည်ခိုးနားရာ သားလေးက
ကြိုးစားနေရအုံးမယ်။
ဝေးကွာနေတဲ့သားအတွက် စိတ်သောကမီး ပြည့်ရှာရောက်ပေါ့
စုံညီတဲ့ မျက်နှာသာ မတွေ့ရ
လမ်းပျောက်နေတဲ့ သိုးလေးတစ်ကောင်လို
သားခံစားနေရပြီ။
ငြိမ်းချမ်းနေတာ အဖေ့အိမ်ပဲ
အဝေးရောက်မှ သားသိခဲ့တယ်
တစ်နေ့မှာ ငြိမ်းချမ်းတဲ့ အဖေ့အိမ်တော်
သားပြန်လာခဲ့မယ်။
Comments
Post a Comment