ပုံပြင်သတဲ့လား

July 30, 2011

ရှေးရှေးတုန်းက အဘိုးအဘွားတွေ ပုံပြင်ပြောရင်ပေါ့
ပုံပြင်တွေ ဟုတ်လိုလို မဟုတ်လိုလို စိတ်ဝင်စား အလွန်ကောင်းတယ်။
ပုံပြင်ထဲကို ကိုယ်က ၀င်ပြီး သရုပ်ဆောင်ချင်လိုက်တာ။ 
နားထောင်လို့လည်း အလွန်ကောင်းတယ်။
ကစားမဲ့တဲ့လူတွေကို ပုံပြင်ပြောမယ် အော်လိုက်ရင် အတူပြေးလာပြီး နားထောင်းကြတယ်။ 
ကျောင်းသွားလည်း ဆရာ/မတွေက အမြဲပဲ ပုံပြင် ပြောပေးတယ်။
ပုံပြင်ဆိုတော့ အားလုံးငြိမ်နေကြတယ်။ ပုံပြင်ဆိုတာ ကလေးတွေကို ငြိမ်အောင် တိတ်အောင်
ဆိုတဲ့စကားပဲလို့ ထင်ပါရဲ့
ဒါပေမယ့် မဟုတ်ဘူး။ တကယ့်အမှန်တရားတွေပါတယ်။ ကရင်နီမှာ ဖြစ်နေတဲ့ ပုံပြင်တွေမှာ ဘိုးဘိုးဖွားဖွားတို့ ပြောတဲ့ ပုံပြင်တွေလား။ သူတို့ပြောတာ အရင်တုန်းက မှတ်ရာမှတ်တမ်း မရှိခဲ့လို့ နှုတ်နဲ့သာ မှတ်သားထားရတဲ့ မှတ်တမ်းတစ်ခုပဲလို့ ယုံကြည်ပါတယ်။ 
သူတို့ပြောခဲ့ စကားပုံပြင်တွေဟာ ကရင်နီပြည်မှာ သူတို့ပြောတဲ့နေရာတွေက ယနေ့ထိ ရှိနေတုန်းပါပဲ။ အရင်က သူတို့ဆိုထားခဲ့ အဆိုအမိန့်စကားတွေ ယနေ့မှာ တကယ်အဖြစ်အပျက်တွေ ဖြစ်နေတယ်။ ဥပမာ - ဆင်းရဲသားတစ်ယောက်က ဘုရင်ရဲ့သမီးကို လိုလားနေပြီး ဘုရင်က ကန်ခုနှစ်ကန် တူးခိုင်းလို့ တူးပေးနေခဲ့တယ်။ ဆင်းရဲသားတစ်ယောက်ရဲ့တူးခဲ့တဲ့ ကန်ခုနှစ်ကန်ဟာ အခုထိ ကန်ခုနှစ်ဆင့်လို့ ခေါ်ဝေါ်နေတာပါပဲ။ နတ်သမီး ခုနှစ်ဖော်တို့ ကစား ရေကန်တွေပါပဲ။ တူးခဲ့တဲ့ ရေကန်တွေဟာ ယနေ့ထိ ကရင်နီလူမျိုးတို့ အသက်မွေးရာဖြစ် မှီခိုနေကြတယ်။ အဲ့ဒီရေကန်တွေထဲမှာ သုံးလို့မရတဲ့ ရေကန်တစ်ကန်ရှိနေပါတယ်။ အဲ့ဒီရေကန်အကြောင်းကို သိချင်ရင် ကရင်နီအဘိုးအဖွားများကိုသာ စူးစမ်းမေးမြန်းလိုက်ပါလား။ 
ထီးပွင့်ကန် (ကယားပြည်)
ဖွင့်ဟပ်လို့မရတဲ့ ထီးပွင့်ကန်လည်း ထင်ရှားနေဆဲပါပဲ။ ကရင်နီပြည်မှာ အတိတ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်ရပ်တွေဟာ ပုံပြင်တွေရယ်လို့ မဟုတ်ပါဘူး။ 
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၇၅ခုနှစ်တုန်းက ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်ငယ်တစ်ပြည်ဖြင့် သိမှတ်ပြုရန် အင်္ဂလိပ် နဲ့ ဗမာကင်းဝန်မင်းကြီးတို့ ဘယ်သူမှ ၀င်ရောက်စွက်ဖက်မပြုရ မအုပ်ချုပ်ရလို့ နှစ်ဦးနှစ်ဖက်က သဘောတူကြတယ်။ ဒါနဲ့ အင်္ဂလိပ်နဲ့ ဗမာတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်။ အခုထိဆို ၁၃၆နှစ်ရှိခဲ့ပါပြီ။ ဒါဟာလည်း ပုံပြင်တစ်ပုဒ်လိုပါပဲလား။
ကတိစာချုပ်ဆိုတာ ဖောက်ဖျက်လို့ ကောင်းပါရဲ့လား။ ၁၉၄၈ခုနှစ်မှာပဲ နယ်ချဲ့ဗမာ( ဖဆပလ)တပ်က ချုပ်ဆိုတဲ့ စာချုပ်ကို ဖောက်ဖျက်ပြီး ကရင်နီပြည်ကို ၀င်ရောက်ကျူးကျော်ခဲ့တယ်။ နယ်ချဲ့ဗမာ( ဖဆပလ)တပ်က ကရင်နီဥက္ကဌ ဦးဘီတူရယ်ကိုလည်း ဖမ်းဆီး ဂုန်နီအိတ်စွပ် ကားလမ်းမကြီးအတိုင်း ကားနဲ့ဆွဲပြေး ဓါးနဲ့ထိုး ဘီလူးချောင်းထဲပစ်ချ ရက်ရက်စက်စက်သတ်သွားခဲ့တယ်။ လက်ရှိ စစ်အစိုးရက အမွှေဆက်ခံနေတာပေါ့။
ဝင်ရောက်ကျူးကျော်နေတဲ့ နယ်ချဲ့ဗမာတွေ ပုံပြင်တစ်ပုဒ်လို နားထောင်ပြီး ငြိမ်နေမှာလား။ ပုံပြင်တစ်ပုဒ်လို နားထောင်ပြီး ငြိမ်မနေပါဘူး။ ၀င်ရောက်ကျူးကျော်နေတဲ့ နယ်ချဲ့ဗမာကို ပြန်တွန်းလှန်တိုက်ခဲ့တယ်။ အနယ်အရပ်ရပ်မှာပဲ မလိုလားအပ်တဲ့ နယ်ချဲ့ဗမာကို ပြန်တွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်။ ခုထိဆို (၆၃)နှစ်ရှိနေပါပြီ။ ဒါဟာလည်း ပုံပြင်တစ်ပုဒ်တွေပါပဲလား။
 ကရင်နီတို့ ပုံပြင်တွေဟာ သာမန်ပုံပြင်တစ်ပုဒ်လို မဟုတ်ဘူး။ စိတ်ကူးယဉ်ပြီး ပုံဖော်တဲ့ ပုံပြင်တစ်ပုဒ်လည်း မဟုတ်ဘူး။ ကရင်နီလူမျိုးဟာ ကရင်နီပြည်မှာ နေထိုင်လာတာ နှစ်ပေါင်း (၂၇၅၀)ကျော် ရှိနေပါပြီ။ နယ်ချဲ့ဗမာ( ဖဆပလ)တပ်က (၁၉၄၈)ခုနှစ်မှာပဲ စတွန်းလှန်ခဲ့တာ မဟုတ်ပါဘူး။
အနော်ရထားမင်းလက်ထက်က တိုင်းရင်းသားတွေကို အစုလိုက် သတ်ခဲ့ပါတယ်။ အပြစ်မရှိတဲ့ လူထုတွေကို သတ်သွားခဲ့တယ်။ အနော်ရထားမင်းက ကရင်နီလူထုတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်။ ဆိုးဝါးကြမ်းကြွတ်တဲ့ အနော်ရထားမင်းကို သူတို့စီးနေတဲ့ ဆင်တွေကြားကို နတ်မိမယ်နဲ့ နတ်သားတို့နှစ်ဦးက ကျွဲယောင်ဆောင်ပြီး ပြေးဝင်လိုက်တယ်။ ဆင်တွေ ကြောက်လန့်တော့ အနော်ရထားမင်းက ဆင်ပေါ်ကနေကျပြီး ကျွဲထီးက ဦးချိုနဲ့ ခွတ်သတ်လိုက်တယ်။ ဒါလည်း ပုံပြင်တစ်ပုဒ်လိုပဲ။ ဒါပေမယ့် ပုံပြင် မဟုတ်ပြန်ဘူး။  မြန်မာ့သမိုင်းမှာတော့ အနော်ရထားမင်းကျွဲခွတ်လို့ သေတာ မပါဘူး။ 
အရင်က ဖြစ်ပျက်နေတဲ့ အရာတွေ ယနေ့ရှင်သန်နေတာ ပုံပြင်တွေလား။ ရုပ်ရှင်ဇတ်လမ်း တစ်ပုဒ်ပါပဲလား။ ပုံပြင်မဟုတ်တဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ လုပ်ဆောင်ချက်ကိုတော့ ဆက်ပြီးသာ လုပ်ဆောင်သွားမှာ ပါပဲ။ အမှန်တရားမရှိတဲ့ ကျူးကျော်မှုကို ဆက်လက်တွန်းလှန်တိုက်ခိုက်အုံးမှာပါပဲ။ 
ကိုယ့်သမိုင်းနဲ့ ကိုယ့်ရာဇာဝင် အမြဲရင်မှာ ထွင်းပိုက်ပြီး နယ်ချဲ့လာသူမှန်သမျှ ပြန်တွန်းလှန်တိုက်ခိုက်ခြင်းဟာ အပြစ်တစ်ခုရယ်လို့ မဟုတ်ဘူး။ အမှန်တရားပဲ။ ပုံပြင်တစ်ပုဒ်မဟုတ်ဘူး။ စစ်မှန်တဲ့ တော်လှန်ခြင်းပါ။ ကိုယ့်သမိုင်းရှိရဲ့သားနဲ့ ဆုတ်ကိုင်မထားဘူးဆိုရင် ပုံပြင်တစ်ပုဒ်လိုပါပဲ။

Comments