တော်လှန်ရေး


တော်လှန်ရေးဆိုတာ လက်နက်တည်းကိုင်လို့
တော်လှန်တာမဟုတ်။
လူတွေရဲ့နှလုံးသားမှာ စနစ်တစ်ခု ပြောင်းလဲစေလိုခြင်းဖြင့်
တောင်းဆိုတာဟာ တော်လှန်ခြင်းပဲ။
မတရားပဲ နိုင်ထက်စီးနင်းမှု ပြုခံရတာ
မလိုလာအပ်လို့ တော်လှန်ရတာပဲ။
ကိုယ့်နယ်မြေတွင်း ၀င်ရောက်ကျူးကျော်နေတာ
ပြန်တွန်းလှန်ရတာ တော်လှန်ခြင်းပဲ။
ပြုပြင်ပြောင်းလဲမှု တစ်ခုခုကို ရယူချင်တဲ့ ရည်ရွယ်ချက်
လုပ်ပုံလုပ်နည်း အဆင့်ဆင့်နဲ့
ပေါင်းစပ်ယူကာ တော်လှန်ရခြင်းပဲ။
ကရင်နီပြည်တွင်းသို့ ၀င်ရောက်ကျူးကျော်နေတဲ့
ကတိဖျက်သူ ဗမာစစ်အစိုးရကို
ပြန်တွန်းလှန်တိုက်ခိုက်တာ နှစ်ပေါင်း(၆၃) ရှိနေပါပြီ။
၁၈၇၅ခု နှစ်ဦးကတိ စာချုပ်အရ
၁၉၄၈ခုနှစ်မှာ ခြေဖျက်သွားတယ်။
မတရားတဲ့ ကျူးကျော်စစ်ကို တော်လှန်နေမှာပဲ။
မတရားတဲ့ စစ်စနစ်ကို မလိုလားရင်
ဆန့်ကျင်သင့်ရင် ခြေမုန်းအုံးမယ်။
မအောင်မြင်သရွေ့ တိုက်အုံးမှာပဲ။
အသက်စတေးခဲ့ရ ရဲဘော်လူထုများ
သူတို့ပေးတဲ့ သမိုင်းအမွှေ
တို့ကတော့ ဆက်ထိန်းအုံးမယ်။
တို့က လက်နက်မရှိရင်လည်း ရရာပေါ့
ဆက် တော်လှန်အုံးမယ်။
တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး
ရေးသုံးရေးကိုတော့ ရယူရမယ်
စုဖွဲ့မှုနဲ့ ဆက် တော်လှန်နေမယ်။

၀၈/၀၆/၂၀၁၁

Comments