၂၀၁၁ခုနှစ် သြဂုတ် (၁၆)ရက်
Kayah Sue
တပ်မတော်သည်သာ အမိလား
တပ်မတော်သည်သာ အဖလား
အခုခေတ်မှာ ငါသာမသိ။
ငါရင်မှာက ပြည်သူအတွက်
သူတို့စည်းစိမ် ငါ့တာဝန်ပင်
ကာကွယ်ဖို့က ငါတို့တာဝန်။
ကိုယ့်မြေကိုယ့်ရေ ကိုယ့်ရွာကိုယ့်အိမ်
ဆိုးညစ်ပေတေ ရမ်းကားမ၀င်
ကာကွယ်ဖို့က ငါတို့တာဝန်။
ပြည်သူရဲ့ဆန် ပြည်သူရဲ့ရေ
ငါတို့အသက် သူတို့အတွက်
ကာကွယ်ဖို့က ငါတို့တာဝန်။
ငါတို့သည်သာ ပြည်သူနဲ့အတူ
ပြည်သူသည်သာ ငါတို့နဲ့အတူ
အမိမြေကို ငြိမ်းချင်စေဖို့
လက်တွဲညီညီ ချီတက်လေသတည်း။
ကရင်နီအမျိုးသားခုခံတော်လှန်ရေးရဲ့ (၆၃)နှစ် အတွင်း
ကရင်နီပြည်တပ်မတော်သားပြိုပျက်လို့မရှိ
ဖြားယောင်းလို့သာ သစ္စာဖောက်သွားတာပဲ။ ၆၃နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ပေးပို့သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ သ၀ဏ်လွှာမှ
ကရင်နီပြည်တပ်မတော်များနဲ့အတူ ခေါင်းဆောင်ပြည်သူပေါင်းများစွာလဲဘဲ အမိမြေကို ကာကွယ်ရင်းနဲ့ အသက်ပေးသွားကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ခုခံတွန်းလှန်စစ်ဟာ ခရီးအဆုံး ကို မရောက်သေးပါဘူး။
ကျနော်တို့တတွေဟာ စစ်တိုက်ရာမှာ ပျော်ပိုက်လို့ စစ်တိုက်နေကြသူတွေမဟုတ်သလိုဘဲ လူတွေကို သတ်ဖြတ်ချင်လို့ သေနတ်ကိုင်နေကြသူတွေမဟုတ်ပါဘူး။ နေပူမိုးရွာ၊ အေးချမ်းမှုဒဏ်တွေသာမကဘဲ ပင်ပန်းဆင်းရဲမှုတွေနဲ့ အသက်သွေးချွေးတွေ ပေးဆပ်စတေးကြရတာတွေဟာ သမိုင်းကပြောတဲ့ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေကြရတာသာ ဖြစ်ပါတယ်။ ကျနော်တို့ဆင်နွှဲနေတဲ့စစ်ဟာ သူ တစ်ပါးကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်မဟုတ်ပါဘူး။ သူတစ်ပါးက ကိုယ့်ကို လာရောက်ကျူးကျော် လို့ ပြန်လည်ခုခံတွန်းလှန်တဲ့ စစ်ပွဲဖြစ်တာကြောင့် တရားတဲ့စစ်ကို ဆင်နွှဲနေကြတာဖြစ်တယ်။
ဒါကြောင့် အသက်သွေးချွေးပေးဆပ်သွားပြီးဖြစ်တဲ့ ခေါင်းဆောင်၊ တပ်ဗိုလ်၊ တပ်မှူး၊ တပ်သားများ နဲ့ ပြည်သူတို့ရဲ့ မပြီးဆုံးသေးတဲ့ သမိုင်းပေးတာဝန်ကို ကျနော်တို့တတွေ ပြီးဆုံးတဲ့အထိ လက်တွဲ ညီညီဆက်လက်ချီတက်ပြီး အောင်ပွဲဆွတ်ခူးနိုင်တဲ့တိုင်အောင် သွေးစည်းညီညာအောင်ကြောင်းဖြာ....
တပ်မတော်သည်သာ အမိလား
တပ်မတော်သည်သာ အဖလား
ငါတို့ရင်မှာ မရှိပါ။
ပြည်သူသာ အမိ
ပြည်သူသာ အဖ
ငါတို့ရင် အစဉ်သာ ထာဝရပါ။
Comments
Post a Comment