ဇွန်၈ရက် ၂၀၁၁ခုနှစ်
ဒီစကားလုံးကို ကျနော် တော်တော် နှစ်သက်ပါတယ်။ ဒီဆောင်ပုဒ်က ကျောင်းတိုင်းမှာလည်း ကျနော်တွေ့နေရပါတယ်။ တကယ့် ကျောင်းတွေအတွက်လို့ ယုံကြည်ပါတယ်။ ဆောင်ထားသင့်တဲ့ စကားလုံးလို့လည်း ကျနော်ထင်ပါတယ်။ ဘယ်အခြေအနေပဲရောက်ရောက် မမေ့သင့်ဘူးလို့ ပြောချင်ပါတယ်။ ဒါဟာ တကယ့်ကောင်းတဲ့ စကားလုံးဖြစ်ပါတယ်။ ဒီစကားလုံးက အထက်အစိုးရမှ ချထားပေးတဲ့ နီတိတစ်ခုပါ။ ကျောင်းသားကျောင်းသူများနဲ့ မိဘများအတွက်ပါ။ ဆရာ ဆရာမများအတွက်တော့ လိုတော့မယ် မထင်ပါဘူး။ ဘာဖြစ်လဲဆိုတော့ အစိုးရက ခန့်အပ်ထားပြီးသား ဖြစ်ပါတယ်။
ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ ဆိုတဲ့ စကားလုံးဟာ ဆရာ ဆရာမများက ကျောင်းသူကျောင်းသားများကို ပညာသင်ကြားပေးမှ ဖွံ့ဖြိုးတိုးတက်တာ ဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ပတ်သက်ပြီး ကျောင်းသူကျောင်းသားများက လုယူနေကြတာပေါ့။ အဲ့ဒီဆောင်ပုဒ်ကို ရဖို့အရေး
ဆယ်တန်းကျောင်းသားတစ်ယောက်အတွက် ………………………..
ဝိုင်းကျူရှင်ကြေး ……………. ၈၅၀၀၀၀ ကျပ်ကျော် ( ဘာသာစုံ )ပေါ့နော်။ ထပ်ပြီး အမှတ်ကောင်းရဖို့ နောက်ထပ် ဘာသာရပ်ဆရာ/မဆီကို မြန်မာစာ ………….. ၃၀၀၀၀ ကျပ်ကျော်၊ အင်္ဂလိပ်စာ …………. ၃၀၀၀၀ ကျပ် + ၄၀၀၀၀ ကျပ် ပြီးတော့ စာရွက်စာတမ်းအတွက် ကြေး၊ သချာင်္ ……………… ၃၅၀၀၀ ကျပ်ကျော်၊ ရူပဗေဒ ……………. ၃၀၀၀၀ ကျပ်ကျော်
ဓာတုဗေဒ ………………. ၂၅၀၀၀ ကျပ် ( study guide မလိုဘဲ အပြီး သင်ရင် .. ၁၀၀၀၀၀ ကျပ်ကျော် )
ဘိုင်အို ……………. ၆၀၀၀၀ ကျပ် ( study guide မလို ) သိပ္ပံအတွဲအတွက် ဖြစ်ပါတယ်။ အဲ့ဒါတော့ ကောင်းတဲ့ ပညာရေးပေါ့နော်။ ဆောင်ပုဒ်နဲ့လည်း ကိုက်ညီပါတယ်။ ဒါဟာ တကယ့် မြို့ကျောင်းတက်တဲ့ ကျောင်းသားများအတွက်ပေါ့နော်။ ဒါပေမယ့် သူတို့အတွက် ကျောင်းဆိုတာရှိသေးရဲ့လား။ တရားမျှတမှု ရှိပါရဲ့လား။ ကျနော် တွေးမိသလောက်မှာ ဆရာအလုပ်ဟာ အဆင်းရဲဆုံးတဲ့ အခု မဟုတ်တော့ပါဘူး။ ဒီဆောင်ပုဒ်အကြောင်းရေးနေတော့ ဆက်ရေးလို့ မရဘူးဖြစ်နေတယ်။ ရေးလိုက်တော့ အဲ့ဒီဆောင်ပုဒ်က ဒီစကားလုံးဟာ error ထွက်ပေါ်လာတယ်။ ဘာဖြစ်လဲ မသိဘူး။ မှားယွင်းတယ်။ မှားယွင်းတယ်လို့ပဲ ပေါ်လာပေးတယ်။
ဝိုင်းကျူရှင်ကြေး ……………. ၈၅၀၀၀၀ ကျပ်ကျော် ( ဘာသာစုံ )ပေါ့နော်။ ထပ်ပြီး အမှတ်ကောင်းရဖို့ နောက်ထပ် ဘာသာရပ်ဆရာ/မဆီကို မြန်မာစာ ………….. ၃၀၀၀၀ ကျပ်ကျော်၊ အင်္ဂလိပ်စာ …………. ၃၀၀၀၀ ကျပ် + ၄၀၀၀၀ ကျပ် ပြီးတော့ စာရွက်စာတမ်းအတွက် ကြေး၊ သချာင်္ ……………… ၃၅၀၀၀ ကျပ်ကျော်၊ ရူပဗေဒ ……………. ၃၀၀၀၀ ကျပ်ကျော်
ဓာတုဗေဒ ………………. ၂၅၀၀၀ ကျပ် ( study guide မလိုဘဲ အပြီး သင်ရင် .. ၁၀၀၀၀၀ ကျပ်ကျော် )
ဘိုင်အို ……………. ၆၀၀၀၀ ကျပ် ( study guide မလို ) သိပ္ပံအတွဲအတွက် ဖြစ်ပါတယ်။ အဲ့ဒါတော့ ကောင်းတဲ့ ပညာရေးပေါ့နော်။ ဆောင်ပုဒ်နဲ့လည်း ကိုက်ညီပါတယ်။ ဒါဟာ တကယ့် မြို့ကျောင်းတက်တဲ့ ကျောင်းသားများအတွက်ပေါ့နော်။ ဒါပေမယ့် သူတို့အတွက် ကျောင်းဆိုတာရှိသေးရဲ့လား။ တရားမျှတမှု ရှိပါရဲ့လား။ ကျနော် တွေးမိသလောက်မှာ ဆရာအလုပ်ဟာ အဆင်းရဲဆုံးတဲ့ အခု မဟုတ်တော့ပါဘူး။ ဒီဆောင်ပုဒ်အကြောင်းရေးနေတော့ ဆက်ရေးလို့ မရဘူးဖြစ်နေတယ်။ ရေးလိုက်တော့ အဲ့ဒီဆောင်ပုဒ်က ဒီစကားလုံးဟာ error ထွက်ပေါ်လာတယ်။ ဘာဖြစ်လဲ မသိဘူး။ မှားယွင်းတယ်။ မှားယွင်းတယ်လို့ပဲ ပေါ်လာပေးတယ်။
ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ ဆိုတဲ့ စကားလုံးက ကျနော်တို့ တောရွာနဲ့တော့ မအံ့စပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်မြင့်လွန်းတယ်။ ရရှိဖို့အတွက် ကုန်ကျနှုန်းက များလွန်းပါတယ်။
မတတ်နိုင်တဲ့ အမေမုဆိုးမအတွက် ဘာလဲ ဟေး လို့ မေးလိုက်မှာပဲ။ ကျနော်တို့ တောရွာအတွက် ကကြီး တစ်လုံးရဖို့ နှစ်နဲ့ချီပြီး အလုပ်လုပ်နေရတယ်။ တခါတလေ အသက်ပါ ပေးဆပ်ရပါတယ်။ ကြောက်စရာ ကောင်းလှပါတယ်။
ကျောင်းတက်ရင်လည်း စာရဖို့အရေး ဆရာ ဆရာမတွေက ကျောင်းသူကျောင်းသားများအပေါ် - - -
အတတ်လဲသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့
ကျင့်ဖို့ ၀တ်ငါးဖြာ။ တဲ့ ဒီနီတိကဗျာလေးကို ကျင့်ဝတ်ကျေပွန်နေကြပါတယ်။
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့
ကျင့်ဖို့ ၀တ်ငါးဖြာ။ တဲ့ ဒီနီတိကဗျာလေးကို ကျင့်ဝတ်ကျေပွန်နေကြပါတယ်။
စာကိုလည်း ရက်တိုင်း ကျောင်းသားကျောင်းသူများကို သင်ကြားပေးပါတယ်။ ဒါပေမယ့် နေ့ထူးနေ့မြတ်ရောက်ရင်လည်း ဆရာ ဆရာမတို့ရဲ့ ကျင့်ဝတ်ကျေပါတယ်။ မနေ့ထူးမရက်မြတ်ရင်လည်း အမြင်ကောင်းတဲ့ တာဝန်တွေ ဆောင်ကြဉ်ပါတယ်။
ဘာဖြစ်လဲဆိုတော့ ရှေးသူတော်သူမများ ဆိုခဲ့တော့ နားညောင်းခဲ့ရကြတယ်။ ဆရာအလုပ်ဟာ အလွန်ပင်ပန်းပါတယ် မှန်ပါတယ်။ အော်ရပြောရတာ တော်တော်မောပါတယ်။ အပြစ်တော့ မပြောပါဘူး ဆရာ/မများကို ကျောင်းသူကျောင်းသားအတွက် တော်တော်ကြိုးစားပေးနေပါတယ်။ ဆောင်ပုဒ်ကို ချိတ်ဆွဲပေးထားတဲ့ လူက မလုပ်ပေးနိုင်လို့ ပြောချင်ပါတယ်။
ကျနော်လည်း အဲ့ဒီဆောင်ပုဒ်ကြောင့် ခံခဲ့ရတာပါ။ ဗမာစာသင်ပြီးမှ ပြန်စော်ကားတယ်လို့တော့ မထင်မိပါနဲ့။ ဆန့်ကျင်ဖို့ ဗမာစာကို ကြိတ်မှိတ်ပြီး လေ့လာသင်ယူနေရတာပါ။ နာတာတစ်ခုက ကိုယ့်စာပေကို မသင်ရတာတစ်ခုပဲ။ ဗမာစာတတ်မှ ပြန်ပြောနိုင်ဆိုနိုင်မှာမို့လို့ ပါ။
အဲ့ဆောင်ပုဒ်ကြောင့် ပြည်သူလူထုတွေက ငတ်မွတ်နေကြသလို ဖွံ့ဖြိုးတိုးတက်နေတာလည်း ရှိပါတယ်။ ကျေးလက်တောရွာမှာတော့ ပြည်ပအလုပ်သမားအဆင့်ပေါ့နော်။ တချို့မိဘတွေက သားသမီးတွေ စာတတ်ဖို့ ပညာတော်ကြီးဖြစ်ဖို့ အမျိုးမျိုးကုန်ကျခံ၊ အမျိုးမျိုးသော အလုပ်ကို လုပ်ရ ကြိုးစားပေးနေရရှာပါတယ်။ တချို့ သားသမီးတွေလည်း လိမ်လည် ဖြားယောင်းမှုကြားကနေ ပါသွားနေရပါတယ်။ ကျောင်းတက်ရင်းနဲ့ လမ်းပေါ်မှာ ဖမ်းဆီးပြီး ကလေးစစ်သားဖြစ်နေရပါတယ်။ စစ်ထဲဝင်တော့လည်း အဖေမသိ အမေမသိ ညီအစ်ကိုမောင်နှံမ မသိ မိုက်ရူးရဲနေပါတယ်။
ပညာရေးကို လိုလားနေတဲ့ သူတွေ ပညာရေးကို မလုပ်ရပဲ စစ်ရေးလုပ်နေရတဲ့ ဘယ်မှာလဲ အမေ၊ ဘယ်မှာလဲ အဖေဆိုတဲ့ ဘ၀သမားတွေ ဘယ်သူကြောင့် ဆိုရမှာလဲ။
အဲ့ဒီဆောင်ပုဒ်ကို ပညာတတ်ကြီးဖြစ်ခိုင်းစေချင်တဲ့ မိဘတွေက “ကလေးတွေ ကျောင်းတက်ရတော့မယ်လေ။ အဲဒါကြောင့် ကျောင်းအပ်ဖို့၊ စာအုပ်တွေ ၀ယ်ဖို့ လိုတယ်။ ဘာပဲဖြစ်ဖြစ် စုဆောင်းထားတဲ့ စပါးတွေကိုပဲ သွားရောင်းရတာပေါ့။ အ၀ယ်သမားတွေ ပေးသလောက်ပဲ ယူရတာပေါ့။” စပါးများကို လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့နဲ့ ဖရူးဆိုမြို့များမှာရှိတဲ့ ဆန်စက်များတွေ သွားရောက်ရောင်းချတဲ့အခါ မတ်လအတွင်းမှာ လေးပုံးအိတ်ဆိုရင် စပါးတစ်အိတ်ကိုကျပ်ငွေ ၁၅,၀၀၀ အခုတော့ တအိတ်ကို ၉,၅၀၀ ကျပ်နဲ့ စပါးပွဲစားများထံ အရှုံးခံပြီး ရောင်းလိုက်ရတယ်။ အဲ့ဒီစာပိုဒ်လေးက (ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) ကြာသာပတေးနေ့, 26 မေလ 2011 20:53 ကရင်နီ တောင်သူများ စပါး ဈေးနှိမ် ၀ယ်ခံနေရ )ဆိုတဲ့ သတင်းကပါ။
အဲ့ဒါနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စု ၀န်ကြီးက အခြေခံပညာ မူလတန်း ကျောင်းသူ ကျောင်းသားများအတွက် ကျောင်းသုံး စာအုပ်များကို အခမဲ့ ဖြန့်ဝေပေးမယ် ဟု ကြေညာထားတော့ လူထုတွေက ၀မ်းသာနေကြတာပေါ့။ လူထုရှေ့မှာတော့ နာမည်ကောင်းရအောင်ပြောရမှာပေါ့နော်။ တကယ်တမ်း လက်တွေ့မှာ အခြားနည်းလမ်းနဲ့ အခကြေးငွေ တောင်းခံနေတယ်။ အစိုးရ လုံလောက်တဲ့ လစာ ဆရာ/မများကိုမှ မပေးပဲ။ “ဘာမှ အလကား မရဘူး။ အဲဒါနဲ့ ကျောင်းသားမိဘတွေဆီကနေ ပိုက်ဆံ ပြန်ကောက်ရတာပါပဲ။ အဲဒီလို မကောက်ရင်လည်း ကိုယ့်လစာထဲက စိုက်ပြီး ပေးရမှာ ဆိုတော့ မလွယ်ဘူး” လို့ ရဲရဲပြောသွားတယ်။ ဘာဖြစ်လဲဆိုတော့ စာအုပ်၊ ပစ္စည်းသယ်ခတဲ့။ ဟား - - - ဒီလောက်တော် အခကြေးငွေ တောင်းနေတယ်။ ပေးရတော့မှာပေါ့ အစိုးရမှ မပေးပဲ။
အင် လူထုတွေက သားသမီးအတွက်ဆို လုပ်ပေးရမှာပေါ့။ သားသမီး ပညာရေးပဲ ၀ိုင်းပေးကြတာပေါ့ ဥက္ကဌက ဆိုမိမှာပဲ။ ဟုတ်တော့ဟုတ်ပါတယ်။ လွန်းလို လွန်းတယ်။ သီချင်းစာသားရှိတာပဲ။
ကျနော်တို့ တောင်သူုလယ်သမားတွေက နောက်နှစ်အတွက်ဆိုပြီး စပါးကို အမြဲ သိုလှောင်ထားတတ်ပါတယ်။ ပြီးခဲ့တဲ့၂၀၁၀ခုနှစ်ကလည်း အလွန်ကံဆိုးပါတယ်။ မိုးကလည်းမရွာ၊ ဈေးနှုန်းကလည်းတက်။ ဆန်ဈေးလည်း မြင့် ဘယ်လိုလုပ်မှာလဲ။ အဲ့ကန္တာရ၀တီတိုင်း(မ်) သတင်းမှာ ဖော်ပြထားတယ်။ ကရင်နီပြည်မှာ တောင်သူလယ်သမားများက လာမည့် စာသင်နှစ်ကို သားသမီးများ ကျောင်းထားနိုင်ရန်အတွက် သိုလှောင်ထားတဲ့ စပါးများကို ထုတ်ရောင်းချနေကြတယ်။ ဒါပေမယ့် စပါးကုန်သည်များက ဈေးနှိမ်ပြီး ရောင်းနေရတယ်။ တကယ့် လူသားချင်း စာနာမရှိတဲ့ လူပဲ။ မိုးမရွာလို့ ပညာရေးအတွက် ရောင်းတယ်ဆိုမှ မျှမျှတတတော့ လုပ်သင့်ပါတယ်။
မြန်မာပြည် ပညာရေးကို မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တာနားက မြန်မာအစိုးရ အနေဖြင့် ပညာရေး အသုံးစားရိတ်ကို အခုထက် သိသိသာသာ တိုးမြှင့်သုံးစွဲရန်နဲ့ အမှန်တကယ် “အခမဲ့” ဖြစ်တဲ့ မသင်မနေရ ပညာရေး ဖြစ်စေရန် အကြံပြု တိုက်တွန်းထားပါတယ်။
အဲ့ဒီပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ဆိုတဲ့ ဆောင်ပုဒ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တာနား ပြောတာမှန်တယ်။ အဲ့ဒီဆောင်ပုဒ်ဟာ ချိတ်ဆွဲထားတာ error (မမှားယွင်း)ပါဘူး။ ကောင်းပါတယ်။ ပညာရေးမူကလည်း ကောင်းပါတယ်။ မကောင်းတာက လူ ပါ။
ဗမာအစိုးရလုပ်ဆောင်နေတဲ့ ပညာရေးက အဆိပ်ပညာရေးဖြစ်နေသလိုပဲ။ မြေပြန့်မှာက ကောင်းကောင်းလေး၊ ကျေးလက်တောရွာမှာ မပြောချင်တော့ပါဘူး။ အင်ပေါ့ လူမျိုးချင်းမှ မတူတာ။ လူတန်းစားချင်းမှ မတူတာ။ တစ်ခုတော့ ရှိတယ်။ မြန်မာပြည်က ၀ိုင်းရံထားတာက တိုင်းရင်းသားပြည်နယ်တွေပါ။ မြန်မာပြည် ပညာရေးကို ကောင်းမွန်ဖို့အတွက် ဆောင်ပုဒ်နဲ့အညီ လုပ်ဆောင်ဖို့လိုနေပါတယ်။ အဲ့ဒီဆောင်ပုဒ်ကြောင့် အဆိပ်သင့်နေကြတဲ့ သူတွေက အဆိပ်ဒဏ်ကို မခံနိုင်ကြတော့ပဲ အမိမြေကို စွန့်ခွာပြီး နည်းလမ်းရှာကြံနေကြပြီ။ ကိုယ်မွေးထားတဲ့ မြွေကို အဆိပ်ရှိတယ်ဆိုတာတော့ သတိထားပါ။ ဒီမြွေတွေဟာ ဘယ်လိုနည်းနဲ့ မွေးထားသလဲ။ ကိုယ်က ဘာနဲ့ကျွေးထားသလဲ။ အဆိပ်ပြင်ရင် သတိထားလိုက်ပါ။
(ပညာရေးလိုလားတောင်းတပြီး စာကို ကောင်းကောင်းမွန်မွန် မသင်လိုက်ရတဲ့ စစ်သား/ကလေးစစ်သား)
Comments
Post a Comment