ကရင်နီဒုက္ခသည်အမှတ်(၁)စခန်း ရှိ ရပ်ကွက်(၁၃)တွင် မီးလောင်

၁၂ရက် မတ်ခ်ျ ၂၀၁၁ခုနှစ်


        ထိုင်းနိုင်ငံ - မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်အမှတ်(၁)စခန်း ရပ်ကွက်(၁၃)၌ မတ်၁၂ရက်နေ့မနက်(၃)နာရီအချိန်လောက်တွင် အိမ်(၂၀)လုံး အိမ်မီးလောင်သွားသည်။ 
          အသက်(၁၄-၁၅)နှစ်ရှိ ကလေးတစ်စုက ရပ်ကွက်(၁၃) တင်မောင်၊ နမို၊ သားဌေးရယ်အိမ်၌ လာရောက်စုအိပ်နေကြပြီး ထိုင်းရွာဖြစ်သည့် နမ်းဆွယ်ရွာသို့ ကြက်သွန်သွားရောက်နှုတ်ရန် မနက်စောစော ထမင်းဟင်း ထချက်နေကြပြီး မီးကို မငြိမ်းစေခဲ့ပဲ ထသွားနေကြသဖြင့် နောက်မှ မီးဖိုကနေ စလောက်သည်။ အိမ်ရှင်ဖြစ်သည့် ဌေးရယ်က ကျန်နေခဲ့ပြီး အိမ်မီးလောင်နေသည်ကို အိမ်ပတ်ဝန်းကျင် မပြောပြပဲ ရပ်ကွက်(၅-၆)၌ သွားအိပ်နေသော သူ့အမေနမိုဆီသို့ သွားရောက်ပြောပြသည်။
          ထိုအိမ်ကို မိဘများ အိမ်မှာ မအိပ်ပဲ ဌေးရယ်နှင့် အဖော်သူငယ်ချင်းများ အတူဝိုင်းအိပ်နေကြသည်ဟု သိရှိရသည်။
           အိမ်အလုံး(၂၀)လောက် မီးလောက်ခံရပြီး အိမ်အလုံး (၂၇)လုံးက ကြိုတင် ကာကွယ်သည့် အနေဖြင့် ဖြုတ်ချပစ်ခဲ့သည်။ လူထိခိုက်နစ်နာမှုမရှိသည့်အပြင် အိမ်မွေးတိစ္ဆာန်များ အချို့ ဆုံးရှုံးသွားရသည်။
            ပြီးခဲ့သည့် နှစ်တွင် ကရင်နီဒုက္ခသည်အမှတ်(၁)စခန်း ရပ်ကွက်(၄)တွင် အိမ်အလုံး(၇၄)အိမ် မီးလောင်သွားသည်။

Comments