မတ်ခ်ျ ၀၆/ ၂၀၁၁ခုနှစ် / ကယားဆူး
ကျွန်တော်က လူငယ်လေးတစ်ယောက်ပါ။ ကျွန်တော်တို့မှာ နိုင်ငံရေးသမားမဟုတ်ဘူးလို့ မဆိုနိုင်ပါဘူး။ ကိုယ်က နိုင်ငံရေးမလုပ်ပါဘူးလို့ ဆိုရင်လည်း ဘယ်သူမှ မလွှဲမသွေ တစ်တောင့်တစ်နေရာမှာ လုပ်ဆောင်နေပြီးသားပါ။ နိုင်ငံရေးက လူတိုင်းနဲ့ ဆိုင်ပါတယ်။ ပါတီဖြစ်မှ နိုင်ငံရေးလုပ်ရမယ်လို့ မဆိုလိုပါဘူး။ လူတိုင်းမှာ နိုင်ငံရေးကို ပါဝင်လုပ်ကိုင်နေကြပါတယ်။ မိမိတို့ရဲ့ စားဝတ်နေရေး၊ လှုပ်ရှားသွားလာမှု အစရှိလိုအပ်တဲ့ အရာတွေအတွက်
အလုပ်လုပ်နေကြတာဟာ နိုင်ငံရေးလုပ်တာပါပဲ။ အဲဒါတွေကို အများသူက လက်ခံထားကြပါတယ်။ နိုင်ငံရေးက လူတိုင်းနဲ့ မလွတ်ကင်းပါဘူး။ လူတိုင်းမှာ နိုင်ငံရေးနဲ့ ပါတ်သက်တယ်လို့ဆိုပြန်တော့လည်း လူတိုင်းမှာ ပါတီနိုင်ငံရေးကို မလုပ်နိုင်ပါဘူး။ ဆိုလိုတာက ကျွန်တော် ပါတီနိုင်ငံရေးသမားတစ်ယောက် မဟုတ်ပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျွန်တော်က လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်၏ နိုင်ငံရေး အခြေအနေအပေါ် စိတ်ဝင်စားနေသူဖြစ်ပါတယ်။ ကိုယ်က လူငယ်တစ်ယောက် ဒီအချိန်မှာ ကိုယ့်တိုင်းပြည်နဲ့လူမျိုးများအတွက် လုပ်စရာအများကြီး ရှိလာတာကို သိမြင်လာတာနဲ့ အမျှ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး အပေါင်းဖော် သူငယ်ချင်းများကို အသိပေးခြင်းဖြစ်ပါတယ်။
အလုပ်လုပ်နေကြတာဟာ နိုင်ငံရေးလုပ်တာပါပဲ။ အဲဒါတွေကို အများသူက လက်ခံထားကြပါတယ်။ နိုင်ငံရေးက လူတိုင်းနဲ့ မလွတ်ကင်းပါဘူး။ လူတိုင်းမှာ နိုင်ငံရေးနဲ့ ပါတ်သက်တယ်လို့ဆိုပြန်တော့လည်း လူတိုင်းမှာ ပါတီနိုင်ငံရေးကို မလုပ်နိုင်ပါဘူး။ ဆိုလိုတာက ကျွန်တော် ပါတီနိုင်ငံရေးသမားတစ်ယောက် မဟုတ်ပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျွန်တော်က လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်၏ နိုင်ငံရေး အခြေအနေအပေါ် စိတ်ဝင်စားနေသူဖြစ်ပါတယ်။ ကိုယ်က လူငယ်တစ်ယောက် ဒီအချိန်မှာ ကိုယ့်တိုင်းပြည်နဲ့လူမျိုးများအတွက် လုပ်စရာအများကြီး ရှိလာတာကို သိမြင်လာတာနဲ့ အမျှ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး အပေါင်းဖော် သူငယ်ချင်းများကို အသိပေးခြင်းဖြစ်ပါတယ်။
ယခုကျွန်တော်တို့ ကြားသိနေကြရတာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး စကားလုံးတွေကို တွင်တွင်ပြောဆိုလာကြပါတယ်။ ဒါတွေဟာ သိရှိနားလည်လာကြတာနဲ့အမျှ မလိုလားအပ်တဲ့ အခွင့်အရေးတွေကို ပပျောက်လိုခြင်းပဲဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာက ပြည်သူအာဏာလို့ ဆိုကြပါတယ်။ အခုက ပြည်သူအာဏာသာ မဟုတ်တော့ပဲ လူတစ်ဦးတစ်စုမှ ပေးတဲ့ ဒီမိုကရေစီဖြစ်နေပါတယ်။
တကယ့်လူထုအတွက် ဒီမိုကရေစီဆိုတာ လူထုမှ ရွေးချယ်တင်မြောက်တဲ့ အစိုးရဖြစ်ရမယ်။ တိုင်းပြည်အုပ်ချုပ်ရန်အတွက် အုပ်ချုပ်ရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုရဲ့ဆန္ဒ ဖြစ်ပြီး ပြည်သူလူထုလိုလားတဲ့ အုပ်ချုပ်မှုဖြစ်ရမယ်။ ပြည်သူလူထုဆန္ဒမပါပဲ အတင်းအဓမ္မထောက်ခံခိုင်းတာ ဒါဟာ ဒီမိုကရေစီမဟုတ်ဘူး။ မိမိတို့ဘာသာ အတည်ပြုတာ တကယ့်အခြေခံကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူး။ ပြီးတော့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆို ဘယ်လိုဟာမျိုးလဲ။ အဲဒီ နအဖမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၇)မှာ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်လို့ ဖော်ပြထားတယ်။
အဲ့ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီအရ နိုင်ငံရေးပါတီအဖြင့် ဖွဲ့စည်းထူထောင်နိုင်တယ်။ ဖွဲ့စည်းပြီးသော နိုင်ငံရေးပါတီများက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ နည်းဥပဒေအရ ရွေးကောက်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်တယ်။ အဲ့ဒီရွေးကောက်ပွဲမှ ၀င်ရောက်ယှဉ်ပြိုင်၍ လွတ်တော်အမတ်များပေါ်ပေါက်လာပြီး အရပ်သားအစိုးရပေါ်ပေါက်လာမယ်ဖြစ်တယ်။ အရပ်သားအစိုးရဆိုတာ တကယ့် တိုင်းရင်းသား၊ ပြည်သူလူထုများမှ တက်လာတဲ့ အရပ်သားအစိုးရတွေဖြစ်တယ်။ စစ်ဝတ်စုံချွတ်ပြီး အတင်းအဓမ္မပြည်သူလူထုနဲ့ ထောက်ခံခိုင်းပြီး တက်လာတဲ့အစိုးရဟာ ဒီမိုကရေစီနည်းကျပါရဲ့လား၊ ဒါဟာ တရားမ၀င်တဲ့ အစိုးရဖြစ်တယ်။
ပါတီစုံဆိုတာ တစ်ပါတီစနစ်မဟုတ်ပါ။ ပါတီစုံဆိုတာ ပြည်သူလူထုများအတွက် တိုင်းပြည်အကျိုးဆောင် သယ်ပို့နိုင်တဲ့ အဖွဲ့အစည်းများဖြစ်၍ တိုင်းပြည်နဲ့လူထုအပေါ် စိတ်ဆန္ဒအပြည့်အ၀ထားရှိပြီး လှုပ်ရှားတဲ့ ပါတီစုံစနစ်ဖြစ်တယ်။
ဒီမိုကရေစီဆိုတာ လွတ်လပ်၊ ငြိမ်းချမ်း၊ တရားမျှတမှု ရှိရမယ့်လို့ ဖော်ပြထားပါတယ်။ ဒီမိုကရေစီဟာ အနောက်တိုင်းက လာနေပေမယ့် ပြည်သူလူထုများက မိမိတို့နဲ့ကိုက်ညီတဲ့အတွက် တောင်းဆိုနေကြပါတယ်။ ကမ္ဘာမှာ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံများက ဒီမိုကရေစီစနစ်ကျင့်သုံးနေကြတယ်။ ယနေ့မြန်မာစစ်အစိုးရက ဒီမိုကရေစီဟာ အနောက်တိုင်းကနေ လာနေတယ်၊့ မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူများနဲ့ ကိုက်ညီမှုမရှိလို့ ရည်ညွန်းထားတဲ့အပေါ်တက်ရောက်နေပါတယ်။ စည်းမဲ့ကမ်းမဲ၊ မမှန်မကန်တဲ့ ဒီမိုကရေစီလို့ ဆိုပါတယ်။ အမှန်တကယ် ဒီမိုကရေစီဆိုတာ မူလဂရီဘာသာမှ ဆင်းသက်လာပါတယ်။ Demo ပြည်သူ cracy အာဏာ လို့ဝေါဟာရရှိပါတယ်။
ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်လာဖို့ ပြည်သူလူထုများကို အတင်းအဓမ္မထောက်ခံခိုင်းတာ တရားဝင်တဲ့ အစိုးရသတဲ့လား။ ပြည်သူလူထုက ဆုံးဖြတ်ပိုင်ခွင့် မရှိနိုင်ဘူးလား။ ရွေးချယ်ပိုင်ခွင့်မရှိနိုင်ဘူးလား။ အခြားပါတီများက နိုင်ငံခြား/ပြည်ပများကို အားကိုးပြီး ရွေးချယ်ခံတဲ့ အစိုးရများလား။ ယခု မြန်မာပြည်မှာ ပြည်သူလူထု/တိုင်းရင်းသား များရဲ့ အခွင့်အရေးကို ဓားပြတိုက်၊ အတင်းအကြမ်းနည်းဖြင့် လုပ်ပြီး မြန်မာအစိုးရဖြစ်လာနေတယ်။
၂၀၀၈ခုနှစ် စစ်အစိုးရမှ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုများများနဲ့ အတင်းအဓမ္မအတည်ပြုခိုင်းပြီး ယခုအစိုးရတစ်ရပ်တက်လာဖို့လည်း အဲ့ဒီအတိုင်းပဲ။ ပြည်သူလူထုများများနဲ့ အတင်းအဓမ္မအတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တက်လာတဲ့ ဒီအစိုးရက လမ်းလျှောက်နေရတာပေါ့။ တက်လာတဲ့ ဒီအစိုးရက ပြည်သူလူထု အစိုးရတဲ့လား။ စစ်သား အစိုးရတဲ့လား။ အင်ပေါ့ စာတမ်းတစ်ခု ပြန်ကြည့်မယ်ဆိုရင် အရင်က ပြည်သူသာ အဖ၊ ပြည်သူသာ အမိတဲ့ အခုကျတော့ စစ်တပ်သာ အဖ၊ စစ်တပ်သာ အမိလို့ ပြောင်းရေးထားတယ်ဆိုတော့ မိဘက သားသမီးပြန်ဖြစ်ရတာပေါ့။ သားသမီးက မိဘနေရာပေါ့။ soldier စစ်သား power အာဏာပေါ့ စာတမ်းလေးကို ဖတ်ပြီးစဉ်းစားလိုက်ပါ။ ဒါက မြန်မာပြည်ရဲ့ ဒုတိယ ဒီမိုကရေစီစနစ်ပေါ့။ ကျွန်တော်တစ်ခုလောက် စဉ်းစားမိတယ်။ အဲ့ဒါက ရွှေမြန်မာတယ်တဲ့။ ဟုတ်တော့ဟုတ်တာပေါ့။ မြန်မာပြည်ကို ကြည့်လိုက်တော့ ရွှေတွေနဲ့ ခင်းကျင်းထားတာကိုး။ ရွှေပြည်သူ၊ ရွှေပြည်သားတွေပေါ့။ မွေးရ မိခင်က အကျိုးနပ်ပါတယ်။ ဒီစာတမ်းကို ရေးထားပေးတဲ့ ပုဂ္ဂိုလ်က ချီးမွမ်းပါတယ်။ အင်ပါ ဒီစာတမ်းက အပိုပါ။ ဒီမိုကရေစီဆိုတာ ပြည်သူအာဏာတဲ့ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်ပါတီ အာဏာမဟုတ်ပါဘူးလို့တဲ့ စဉ်းစားလိုက်ပါ။ မြန်မာပြည်ရဲ့ စစ်အစိုးရက ဆိုတဲ့ ဒီမိုကရေစီ အကြောင်းကို ကျွန်တော့်ခံစားချက်နဲ့ ပြန်လည် ဖော်ပြလိုက်တာပါ။ မပြည့်စုံသေးပါဘူး။
Comments
Post a Comment