ဖေဖော်ဝါရီလ ၂၀ရက် ၂၀၁၁ခုနှစ်
အဖေရယ် သမီးရယ်
ဆုံဆည်းဖို့က အချိန်လေးဟာ
အဝေးမှာရှိနေ
မသေချာတဲ့ တစ်နေရာမှာ
သက်ရှင်နေတဲ့ ဒီမြေကြီးပေါ်မှာ
မဆုံချင်ပဲ ကြုံနေရမြဲ ဒီလိုလူသား
ဒီကံကြမ္မာ ယုံးမယ်ဖွဲ့ဖို့
မဖြစ်နိုင်ခဲ့ပါ ခွင့်လွတ်ပါဖေ။
ကံကြမ္မာဟာ ငါတို့ဆီကို
ဆုံဆည်းဖို့ချိန် မျှော်လင့်ဖို့က
အကယ်၍ အခွင့်သာခဲ့ရင်
လက်မခံပါနဲ့ သမီးမိုက်ကို
တိုင်းရေးပြည်ရေးမို့
မှိတ်တုတ်မှိတ်တုတ် လင်းလဲ့တဲ့ မီးဆံကြား
သမီးလေးက အများနည်းတူ
ရင်ဘောင်တန်းဖို့
ဆူးလည်းနင်းတယ်
ပူလည်းလျှောက်တယ်
ဒုက္ခသောက ရောက်တဲ့အချိန်
အဖေ့ကို သိပ်သတိရတယ်
အလင်းရဖို့က သမီးဘ၀မှာ
လမိုက်ညမှာ လမ်းလျှောက်နေရသလိုပါပဲ။
သမီးလည်းအဖေ့ကို မျှော်လင့်ပါတယ်။
အဖေလည်း သမီးကို တမ်းတနေမှာပေါ့၊
ဒီအချိန်မှာ အဖေ့ကို အရမ်းလွမ်းနေတယ်
သမီးရဲ့တာဝန် ရှိနေတာမို့
ခွင့်လွတ်ပါနော်၊ ။
Comments
Post a Comment