အိမ်ဆိုသံ ကြားရင်
ငါ့နှလုံးထဲမှာ
အမေနဲ့အဖေကို
အိမ်ကို လွမ်းရစိတ်နဲ့ပဲ ရှင်သန်နေရတယ် ………
သူငယ်ချင်းတွေက
အိမ်မပြန်ဘူးလား မေးနေကြတော့
ငါ့စိတ်ထဲမှာ နာကျင်နေတယ်
မျက်ရည်က အလိုလို စီးကျလာတယ် ………..
နွေထွေးတဲ့ မိဘအိမ်ကို
ခိုနေချင်ကြမှာပဲ
ငါတို့မှာလဲ အိမ်ရှိကြတာပဲ
အိမ်နဲ့အဝေးဆုံး
ဖူးကံဝေးနေရတာလဲ …………
တစ်ချိန်ချိန်မှာ
အိမ်ဆိုတာ တို့ရင်ခွင်မှာ
မနားခိုဖူးတဲ့ အိမ်ကို
ထာဝရနွေးထွေးမှုနဲ့ နေရမှာ ………………
သူငယ်ချင်းရယ် ……..။
ကယားဆူး(January20/2011)
Comments
Post a Comment