လမင်းရဲ့ အရိပ်အောက်
မီးပန်းမီးလုံးမီးတုတ်တထောင်ထောင်
ဝဋ်ကြွေးလို့ မဆိုရက်
ကြုံတွေ့ နေရ။
ဥတုသုံးပါး ရာသီပွဲ
ဗုံမောင်း တီးမှုတ် သီချင်းသံ သာယာ
စွန့်လွတ်လို့ မဆိုရက်
လွမ်းနေခဲ့ ရင်မှာ။
အမေ့တဲအိမ်ကလေးအောက်
ဓါတုထုတ်ဖော် ရေတံခွန် စီးဆင်နေရ
မေ့လို့မရတဲ့ ခေါင်ရည်
သတိရနေခဲ့ရင်မှာ။
ဝဋ်ကြွေး အတိတ်မှာ
ရှိများရှိခဲ့ အခုကာမှ
စွဲမြဲသာ အသဲနှလုံး
ပုံအပ်ထားတဲ့ အမိုက်
အမိုက်ဖြစ်ရတဲ့ငါ
လောင်ကျွမ်းခဲ့ရ မီးတဆံ
ပြာသာ ကျန်ခဲ့ရ
မေ့လို့မရတဲ့ နေ့စွဲ။
နေ့ရက်ဆိုးက ရင်မှာထိရှ
ကျခဲ့ရတဲ့ မျက်ရည်မိုးဟာ
တစက်ချင်း ဆယ်ပါရဲ့
ပူပြင်းတဲ့ နွေအလယ်
နာကျင်တဲ့ မနေ့က
ဘယ်အခါမှ မမေ့နိုင်ဘူး။
မီးပန်းမီးလုံးမီးတုတ်တထောင်ထောင်
ဝဋ်ကြွေးလို့ မဆိုရက်
ကြုံတွေ့ နေရ။
ဥတုသုံးပါး ရာသီပွဲ
ဗုံမောင်း တီးမှုတ် သီချင်းသံ သာယာ
စွန့်လွတ်လို့ မဆိုရက်
လွမ်းနေခဲ့ ရင်မှာ။
အမေ့တဲအိမ်ကလေးအောက်
ဓါတုထုတ်ဖော် ရေတံခွန် စီးဆင်နေရ
မေ့လို့မရတဲ့ ခေါင်ရည်
သတိရနေခဲ့ရင်မှာ။
ဝဋ်ကြွေး အတိတ်မှာ
ရှိများရှိခဲ့ အခုကာမှ
စွဲမြဲသာ အသဲနှလုံး
ပုံအပ်ထားတဲ့ အမိုက်
အမိုက်ဖြစ်ရတဲ့ငါ
လောင်ကျွမ်းခဲ့ရ မီးတဆံ
ပြာသာ ကျန်ခဲ့ရ
မေ့လို့မရတဲ့ နေ့စွဲ။
နေ့ရက်ဆိုးက ရင်မှာထိရှ
ကျခဲ့ရတဲ့ မျက်ရည်မိုးဟာ
တစက်ချင်း ဆယ်ပါရဲ့
ပူပြင်းတဲ့ နွေအလယ်
နာကျင်တဲ့ မနေ့က
ဘယ်အခါမှ မမေ့နိုင်ဘူး။
Comments
Post a Comment