သမိုင်းနဲ့ ရာဇာဝင်

ရှေ့ကအာဇာနည် သူရဲကောင်း
ဒီနေ့ သူတို့ရဲ့ သမိုင်း
ရှေ့က သူတို့ရဲ့လုပ်ရပ်
ဒီနေ့ ချီးမွမ်းမဆုံး။
သူတို့ရဲ့ အနာဂတ် မင်းရဲ့ပစ္စုပ္ပန်
တရားတဲ့ နည်းလမ်း သင်ခန်းစာ ယူလိုက်ပါ။
ဒီနေ့မင်းအာဇာနည် သူရဲကောင်း
နောက်နေ့မင်းရဲ့ရာဇာဝင်
ဒီနေ့မင်းရဲ့လုပ်ရပ် နောက်နေ့ပြော၍မကုန်
မင်းရဲ့အနာဂတ်
နောက်လူသားရဲ့ပစ္စုပ္ပန်
တရားတဲ့နည်းလမ်း လမ်းပြပေးလိုက်ပါ။
ဒီပစ္စုပ္ပန် ခေတ်လူသားပေါ်
မင်းလုပ်ရပ်ကောင်းရဲ့လား။
မင်းတရားမျှတမှုရှိရဲ့လား၊
မင်းဘယ်သူလဲ ဘယ်ကလဲ။
မင်းဘ၀ရဲ့ ကြေးမုံမှန် ပြန်ကြည့်ပါ။

No comments:

Post a Comment