အဝေးက အမေ


ရက်စွဲ= ၀၆/၀၆/၂၀၁၁
ရေးသားသူ= ခူးကျော်ငြီမ်း

တချိန်တုန်းက အမေရဲ့ ၀မ်းတွင်း၌နေပြီ လူ့လောကထဲ ရောက်လာခဲ့တယ်။ ပြီးတော့ ပညာသင်တဲ့အရွယ် ရောက်တော့လည်း အမေရဲ့ နွေးထွေးမှုအောက်၊ အမေ့ခြေရင်းမှ ထွက်သွားခဲ့ရပါတယ် အခုတော့လည်း အမေ့ကို ဒုက္ခမျိုးစုံပေးပြီး အမေ့အနားသာမက အမိမြေကိုပါ အဝေးဆုံးထွက်ခွာသွားသော သားမိုက်ကို ခွင့်လွတ်ပါ။ အမေရယ် နိုင်ငံရဲ့ ငြိမ်းချမ်းမှု မရှိတဲ့အတွက်လည်း ပြောလို့ရနိုင်ပါတယ်။ အမေ သားမိုက်တယ်လို့ တွေးမနေလိုက်နဲ့နော်။ မိုက်ခဲ့ရင်လည်း ခွင့်လွတ်ပါ။ သားတို့ အသက်ရှင်တဲ့ ဘ၀ကလည်း အသက်ရဲ့သားနဲ့ သေနေတဲ့ဘ၀ပါ အမေရယ် နားလည်းပေးပါ။

အမေ့ရဲ့ကျေးဇူးတရားကို သားလေးဘယ်လိုမှ မမေ့နိုင်ပါဘူး အမေရယ်။ သားကို နားလည်ပေးပါ။ သားလေး လူ့လောက မရောက်ခင်က အမေဟာ အမေဟု ပျော်ရွှင်မှုနှင့် ပြည့်ဝနေခဲ့ပါတယ်။ သားလေး လူ့လောကထဲ ရောက်တော့မည်ဆိုပြီး ဘုရားသခင်က အမေ့ကို တာဝန်ပေးအပ်နေတဲ့ အချိန်မှ စပြီး အမေက သားအတွက် ပူပင်သောကမှုများနေပြီဖြစ်၍ ဘာမှဆို အသက်နဲ့ရင်းပြီး ကာကွယ် စောင့်ရှောက်၊ ထမ်းဆောင်ရသောမယ့် ၀န်ကို အမေ့မှာ ရောက်နေတယ်။ သားလေးကို ကိုးလလွယ် ဆယ်လဖွား အချိန်မှ စပြီး အမေ့မှာ ဒုက္ခအိုးလေးဖြစ်လာခဲ့တာပါ။ အဲ့ဒီအချိန်မှ သားလေးက အမေ့ကို ဒုက္ခမျိုးစုံ ဝေဒနာအပြည့်နဲ့ စပေးခဲ့ပါတယ်။ အမေဟာ အဲ့ဒီဝန်နဲ့ မစားဝံ့တဲ့ အစားအစာကို ပြုံးပြုံးလေးနဲ့ ရင်ဆိုင်ပေးနေရရှာတယ်။ သားလေး လူ့ဘ၀ စဖော်ဝင်နေတဲ့ အချိန်က အမေဟာ သားလေး စားဖို့ အစားအစာ၊ လှပစွာဝတ်ဆင်ဖို့ အ၀တ်အစား၊ အနာဂတ်အတွက် သာယာလှပဖို့ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရန်အအတွက် ပညာရေး၊ ကျန်းမာသန်စွမ်းဖို့ ကျန်းမာရေးတွေ အစရှိသမျှ အမေ့အင်အားတွေနဲ့ အကုန်ထုတ်သုံးပြီး၊ လိုနေသမျှအမေကပဲ ရုန်းကန်ဖြေရှင်းပေးနေပါတယ်။ အမေဟာ သားလေကို ဘယ်လောက်ချစ်တယ်ဆိုတာ သားလေသိနေပါတယ် အမေရယ် သားလေးလိုနေတာတွေ အားလုံး အမေက အကုန်လိုက်လျှော့ပေးနေတယ်။ တကယ်အမေအတွက်လိုနေတဲ့ အရာဆိုရင် ဟန်ဆောင်တဲ့ အပြုံးလေးနှင့် မျက်ရည်ကို ချွေးနှင့် ရောစပ်ပြီး သားလေးကို ပိုဦးစားပေးနေတာ အခုတော သားအဖြေမှန် သိနေပြီ အမေရယ်။ လောကမှာ အမေမရှိတဲ့လူ ဆုံးရှုံးခြင်းတစ်ပါးပါ အမေဖြစ်နေတဲ့ သူတိုင်းလည်း အမေရဲ့တာဝန်ဝတ္တတရားကို မှန်ကန်အောင် ထမ်းဆောင်နိုင်ကြပါစေ။ သားသမီးဖြစ်တဲ့သူတွေ အမေကို ဘယ်လောက်များ ဒုကQပေးခဲ့ပြီလည်း အမေက သားသမီး အပေါ်ဘယ်လောက်ချစ်တယ်၊ စေတနာထားလဲ အနှစ်နာခံခဲ့သလဲ ဆိုတာတွေလည်း မမေ့ကြနဲ့။ အမေကိုကျေဇူးတင်တယ်ဆိုတဲ့ စာပုဒ်လေး ရေးပေးမယ်နော် အမေ။ လောကမှာ အမေဟာ အရေးပါဆုံး၊ ကျေးဇူးလည်းအကြီးဆုံး လူတစ်ယောက်ပါ နိုဘယ်ဆု ပေးဖို့ဆိုရင် အမေ့တာဝန်ကျေတဲ့သူကိုပဲ ပေးရင်လုံးဝ မမှား နိုင်ပါဘူး။ သားရင်ထဲမှ အမေအတွက် - - -
ခူးညေးရယ်
အမေရယ်
အမေကို ကျေးဇူးတင်တယ်
အမေကို ဂုဏ်ယူတယ်
အမေကို သိပ်ချစ်တယ်
အမေကို သနားတယ်
အမေကို  လွမ်းနေတယ်
အမေကို နှာမျှောတယ်

 ကျေးဇူးတင်ပါတယ် သားကို ခွင့်လွတ်ပါ အမေ
အဝေးရောက်နေတဲ့ သားတစ်ယောက်မို့  အမေ့ဆန္ဒ မဖြည့်စွက်နိုင်ခဲ့တာ အမေနားလည်ပေးပါ။
 အမေရီကန်ရောက် ကရင်နီတစ်ဦးရဲ့ အမေ့အပေါ်.. .။

Comments