လောပိတ စက်ရုံ၌ မြေပြိုကျ၍ အလုပ်သမား ၆ ဦး သေဆုံး

အင်္ဂါနေ့, 31 မေလ 2011 19:30  


 
 
 
ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ရှိ လောပိတ (ဘီလူးချောင်း) ရေအားလျှပ်စစ်စက်ရုံ အမှတ် ၃ ကို ဆောက်လုပ်နေသော ဆောက်လုပ်ရေး အလုပ်သမားများသည် မေလ ၁၇ ရက်နေ့က မြေပြိုကျမှုကြောင့် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အမှတ် ၃ စက်ရုံမှ ရေထွက်ရန် ရေလမ်းကို မြေအောက်တွင် လှိုဏ်ခေါင်း ဖောက်လုပ်၍ လှိုဏ်ခေါင်းတွင်း၌ ၀င်ရောက်အလုပ်လုပ်နေကြသော အလုပ်သမားများသည် မြေပြိုကျမှုကြောင့် ၆ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု  ကရင်နီဖွံ့ဖြိုးရေးနှင့် သုတေသနအဖွဲ့မှ ဒါရိုက်တာ တော်ရယ်က ပြောသည်။   
လောပိတ အမှတ် ၂ စက်ရုံ
လောပိတ အမှတ် ၂ စက်ရုံ
 ၎င်းက “ဒဏ်ရာရတာ တချို့ရှိတယ်။ ဘယ်နှစ်ယောက် ဒဏ်ရာရလဲတော့ အတိအကျ မသိဘူး။ ဒါပေမယ့် အဲမှာ တခါတည်း သေတာ ၆ ယောက် ရှိတယ်လို့ ပြောတယ်” ဟု ပြောသည်။

မြေပြို၍ သေဆုံးသူများ အထဲတွင် တရုတ် အင်ဂျင်နီယာ တဦးလည်း ပါဝင်ကြောင်း၊ ၎င်းသည် မြေပြိုသည့် အချိန်တွင် မြေအောက် လှိုဏ်ခေါင်းတွင်း၌ အလုပ်သမားများကို ဦးဆောင်အလုပ်လုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ် ၃ စက်ရုံ၌ မြေပြိုကျသည့်အတွက် ဆောက်လုပ်ရေး အလုပ်သမား ၆ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ အလုပ်သမားများသည် ဒေသခံများ မဟုတ်ခဲ့ကြောင်း ဒေသခံများကလည်း ဆိုကြသည်။

အမှတ် ၃ စက်ရုံ ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေး ပစ္စည်းများကို ထိုင်းပစ္စည်းများ ၀ယ်ယူရန် ယခင် မဆောက်လုပ်သေးခင် တာဝန်ရှိသူများက ပြောဆိုခဲ့သေးကြောင်း၊ သို့သော် နောက်ဆုံးတွင် တရုတ် ဆောက်လုပ်ရေး ပစ္စည်းများကိုသာ ပြန်လည်ဝယ်ယူပြီး ဆောက်လုပ်ကြောင်း၊ ဆောက်လုပ်သူများသည် တရုတ်နိုင်ငံမှ အင်ဂျင်နီယာ အဖွဲ့ ဖြစ်ကြောင်း တော်ရယ်က ဆက်ပြောသည်။

ကရင်နီပြည်နယ်တွင် ယခု ဆောက်လုပ်နေဆဲ ဖြစ်သော လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ် ၃ အပါအ၀င် လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ် ၁နှင့် အမှတ် ၂ ဟူ၍ ၃ ခု ရှိသည်။ အမှတ် ၂ စက်ရုံသည် လွန်ခဲ့သည့် ၁၉၆၀ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ပြီးဆုံးခဲ့ကာ လျှပ်စစ်ဓါတ်အား ၁၆၈ မီဂါဝပ် ထုတ်လုပ်ပေးသည်။ အမှတ် ၁ စက်ရုံသည် ၁၉၈၆ ခုနှစ်တွင် အစပျိုးခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပြီးဆုံးသွားခဲ့ကာ စစ်ရုံ၏ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်စွမ်းမှာ ၂၈ မီဂါဝပ် ဖြစ်သည်။ ယခု ဆောက်လုပ်နေသေးသော အမှတ် ၃ စက်ရုံသည် လျှပ်စစ်ဓါတ်အား မည်မျှ ထုပ်လုပ်မည်ကို မသိရသေးပေ။

ထို့အပြင် ကရင်နီပြည်နယ် ဘောလခဲမြို့နယ်ရှိ သံလွင်မြစ်နှင့် ပွန်ချောင်းပေါ်တို့တွင် ဆည် ၂ ခု၊ လွိုင်ကော်မြို့နယ် မြောက်ပိုင်းရှိ သဖက်ချောင်းပေါ်တွင် ဆည် ၁ ခု စုစုပေါင်း ဆည် ၃ ခု ထပ်မံတည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားများ ထုပ်လုပ်ရန် ယခင် မြန်မာစစ်အစိုးရက တရုတ် ယူနန်ပြည်နယ် ရေးအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်သော ဒါးတန်း ကောင်ပိုရေးရှင်း (Datang Corporation)နှင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇန်န၀ါရီလတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် လူကြီးလူငယ် ရာမအတော်သုံးစွဲနေ


မေ၂၈ရက် ၂၀၁၁ခုနှစ် 

ယခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ကလလတ၊ ကယန်းပြည်သစ်၊ ရဲနှင့် အာဏာပိုင် စစ်တပ်များက ပိတ်ပင်မှုမရှိ စီးပွားရှာပြီး မိမိတို့ကိုယ်တိုင် ရာမဆေးပြားကို လိုက်ပတ်ရောင်းချနေသည်ဟု သိရှိရပြီး မြို့တွင်းတွင်လည်းကောင်း ကျေးရွာတွင်လည်းကောင်းရာမဆေးပြားကို သုံးစွဲလာနေသည်ဟု သိရှိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုသွားသောကြောင့် မော်ချီးအောက်ရွာမှ လူနှစ်ဦးသေဆုံး


မေ၂၈ရက် ၂၀၁၁ခုနှစ်

မိုးချိန်ခါမဟုတ်ပြီး တစ်ရက်တည်း မိုးနှစ်ခါ သည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကမ်းပါး မြေပြိုကျလာ၍ ကရင်နီပြည် မော်ချီးအောက်ရွာမှ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး ကျန်တစ်ဦးက ရရှိထားသည့်ဒဏ်ရာနှင့် မော်ချီးဆေးရုံးတွင် သေဆုံးသွားသည်ဟု သိရှိရသည်။

ကရင်နီပြည်နယ်ရှိ မြို့တွင်းများနှင့် အခြားမြို့သို့ သွားသည့်လမ်းမတစ်လျှောက်တွင် ဗမာစစ်တပ်များ တပ်ကြပ်စွာစောင့်ကြည့်နေ


မေ၂၇ရက် ၂၀၁၁ခုနှစ်

၂၀၁၁ခုနှစ် နှစ်ဦးပိုင်းကနေ ယခုချိန်ထိ ကရင်နီပြည် လွိုင်ကော်မြို့နယ်မှ အခြားမြို့သို့ သွားသည့် လမ်းမတစ်လျှောက်တွင် ဗမာစစ်တပ်များ တင်းကြပ်စွာ စောင့်နေ၍ သွားလာနေသည့် လူထုများက ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေသည်။

Such is life


Bweepeh

Born in Burma, a right of high importance
I am not safe, many dangers, not how life should be
But we get by, my mum and I
Happy on our land, making the best of what we can
Soon time called for change, we had to move from place to place
SPDC was pushing our

ကရင်နီ တောင်သူများ စပါး ဈေးနှိမ် ၀ယ်ခံနေရ


ရေးသားသူ - ကန္တာရ၀တိတိုင်း(မ်)
ကြာသာပတေးနေ့, 26 မေလ 2011 20:53 

ကရင်နီပြည်နယ်တွင် တောင်သူလယ်သမားများသည် လာမည့် စာသင်နှစ်၌ သားသမီးများအား ကျောင်းထားနိုင်ရန်အတွက် မိမိတို့၏ စပါးများအား ထုတ်ရောင်းချနေကြရာ ကုန်သည်များ၏ အထူး ဈေးနှိမ်ဝယ်ခြင်းကို ခံနေရသည်ဟု ဒေသခံများက ပြောကြသည်။

မဖြစ်ပါနဲ့


၂၀၁၁ခုနှစ် မေ၂၆ရက် / ကယားဆူး

ကိုယ့်ညီရယ် မမိုက်စမ်းပါနဲ့
သူတို့နင့်ကို ဘယ်လောက်များပေး
တံခါးမှူးကို လုပ်နေရလဲ။

ကိုယ်ပိုင်တာပဲ ဘာဖြစ်လဲ


ကရင်နီဗျည်းအက္ခရာ

ကိုယ်ပိုင်တဲ့ဗျည်း ကိုယ်ပိုင်တဲ့အက္ခရာ
ကိုယ်ရေးတာဟာ ဘာဖြစ်လို့လဲ
ဘာဖြစ်လဲနော်။           ။

အမေနေ့

မေလ ၀၈/၂၀၁၁ခုနှစ်
အဝေးက မေမေရယ် ….
သြော် …ဒီနေ့ကြီးက … ဘာနေ့များလဲ
ဒီသက်ရွယ်မျှ ကြီးပြင်းလာတာ