ကန္တာရဝတီတိုင်း(မ်)
စက်တင်ဘာလ ၁၁ရက်နေ့ မိုးဗြဲမြို့တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို နဲ့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ ရဲဘော် ဟင်နရီ (ခ) ရီးရယ် တို့ နှစ်ဦးရဲ့ ဈာပနာအခမ်းအနားကို ဒီကနေ့မှာ သက်ဆိုင်တဲ့တပ်ရင်းအသီးသီးက ပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာလ ၈ရက်နေ့မှ ၁၁ရက်နေ့အထိ လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးဗြဲမြို့တိုက်ပွဲမှာ စစ်ကောင်စီဖက်ကလည်း အကျအဆုံးများခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မိုးဗြဲလမ်းမကြီးလမ်းကို အသုံးမပြုဖို့ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက အသိပေးထားပါတယ်။
ဓါတ်ပုံ - PKPF
Comments
Post a Comment