စစ်ကောင်စီတက်‌လက်နက်ကြီးကြောင့် မိဘမဲ့ဖြစ်သွားတဲ့ မောင်နှမ(၂)ဦး

ကန္တာရဝတီတိုင်း( မ် )

Website တွင်ဖတ်ရန် - https://bit.ly/3SFih41

အများသူငှာ အိပ်စက် အနားယူနေတဲ့ ညအချိန်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကောင်စီအခြေစိုက်တပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ လက်နက်ကြီးကြောင့် ကြောက်ရွံ့မှုအပြည့်နဲ့ အိပ်စက်ခဲ့ရတဲ့ ညတွေကတော့ ကျော်ဖြတ်ဖူးတဲ့ သူတွေပဲ အသိဆုံးဖြစ်မှာပါ။

လက်နက်ကြီး ပစ်ခတ်နေတဲ့ ညတွေ များစွာ ကျော်ဖြတ်ခဲ့ရပေမယ့် အကာအကွယ်မဲ့တဲ့ စစ်ရှောင်တဲအိမ်လေးနားလက်နက်ကြီး ကျရောက်လိမ့်မယ်လို့ တော့ ဦးအာကိုစတီးနို တို့မိသားစု တွေးထင်ထားမိလိမ့်မှာတော့ မဟုတ်ပါဘူး။

ဦးအာကိုစတီးနို နဲ့ ဒေါ်မာရိယာမူထွမ်း ဇနီးမောင်နှံနဲ့ ၎င်းတို့သားသမီးတွေဖြစ်ကြတဲ့ အသက် ၈ နှစ်အရွယ် မောင်တီးလုံးနဲ့ အသက် ၆လအရွယ် မအန်ဂျေးလာ တို့ မိသားစုလေးယောက် အိပ်စက်နေတဲ့ စစ်ရှောင်တဲ့အိမ်လေးရဲ့ဘေးမှာ အောက်တိုဘာလ ၂၃ရက်နေ့ ညနေ ၉နာရီကျော်အချိန် မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ ခလရ (၄၂၂)တပ်မှ လက်နက်ကြီးပစ်ခတ်တာ တစ်လုံးကျရောက်ခဲ့ပါတယ်။

ဦးအာကိုစတီးနို မိသားစု စစ်ရှောင်အိမ်ကတော့ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအနီးက တောင်ယာခင်းနားမှာ တည်ရှိတာဖြစ်ပါတယ်။ 

အသက် ၃၅နှစ်အရွယ် ကလေးတွေဖခင်ဖြစ်တဲ့ ဦးအာကိုစတီးနိုဟာ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပွဲချင်းပြီး ဆုံးပါးသွားခဲ့ရပြီး အသက် ၃၃နှစ်အရွယ် ဒေါ်မူထွမ်းကတော့ ဘယ် နားရွက်နောက်ပိုင်းမှာ စိုးရိမ်ရတဲ့ ပေါက်ပြဲဒဏ်ရာရရှိခဲ့ တယ်လို့ ဦးအာကိုစတီးနိုရဲ့ ညီဖြစ်သူ အန်တောညိုက ပြောပါတယ်။

“ အဆက်အသွယ်ရတော့ တောင်ပေါ်မှာတက်ကြည့်တော့ အစ်ကိုက အသက်မရှိတော့ဘူး။ ယောက်မ ခါကျတော့ နည်းနည်းလှုပ်နိုင်သေးတယ် “ လို့ အန်တောညိုက အဲဒီညအဖြစ်အပျက်ကို ပြောပါတယ်။

ဒဏ်ရာပြင်းထန်နေတဲ့ ယောက်မ ဖြစ်သူကို လွိုင်ကော်ပြည်သူ့ဆေးရုံပို့ဆောင်ခဲ့ပြီး အစ်ကို ဖြစ်သူကို အောက်တိုဘာလ ၂၄ရက်နေ့လည် ၁၁နာရီခွဲမှာ သဂြိုလ်ခဲ့ပြီးပြီချင်းမှာပဲ……….

“ အဲ့ဒါတွေပြီးပြီးချင်း ပစ္စည်းတွေဘာတွေ သိမ်းပြီးချင်းမှာတော့ မက်စေ့ဝင်လာတယ်။ missed call ဝင်လာတယ်ပေါ့နော။ ဘယ်သူလဲဆိုပြီးတော့ ပြန်ဆက်ကြည့်တော့ ဒီမှာ နင့်ယောက်မလည်း မရတော့ဘူး။ ဘယ်နားထားမလဲပေါ့။ အဲ့ဆို ဒီဘက်ပဲ ခေါ်လာလိုက်ပေါ့။ မရတော့ဘူးဆိုပြီးတော့ လူတွေပြန်သွားခေါ်ရတယ်။ ပစ္စည်းတွေ ပြန်သွားသယ်လာရတယ်ပေါ့နော။ “ လို့ အန်တောညိုက ဆက်ပြောပြပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ခင်ပွန်းဖြစ်သူရုပ်အလောင်းကို သဂြိုလ်ပြီးပြီချင်းပဲ  ၂၄နာရီအတွင်း ဇနီးဖြစ်သူလည်း သေဆုံးခဲ့ရတာပါ။ ဇနီးဖြစ်သူကိုတော့ အောက်တိုဘာလ  ၂၅ မနက် ၉နာရီခွဲမှာ သဂြိုလ်ခဲ့တယ်လို့  အန်တောညိုက ဆိုပါတယ်။ 
ကျန်ရစ်တဲ့ ကလေးငယ် မောင်နှမ၂ဦးကတော့ လက်နက်ကြီး ကျရောက်ခဲ့တဲ့ ညတွင်းချင်းမှာပဲ အဖေဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး နောက်တစ်မနက်မှာပင် အမေဖြစ်သူကို ပါပါဆုံးရှုံးခဲ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ ဘဝမှာ မေ့လို့မရမယ့် နာကျင်စရာကောင်းလှတဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ရပ်ကတော့ အတင်းတိုးဝှေ့ လာခဲ့ပါတော့တယ်။

မောင်တီးလုံကတော့ စစ်ရှောင်ယာယီစာသင်ကျောင်းတစ်ခုမှာ KGတန်းတက်ရောက်နေတဲ့ ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ အခုလို သူတို့ မောင်နှမ ၂ဦးက အရွယ်နဲ့မမျှတဲ့ ဆုံးရှုံးမှုကို လောကကြီးက စောစောစီးစီး ကြုံတွေ့စေခဲ့ပြီး တစ်ဘဝစာလုံး မိဘမေတ္တာကို ဆာလောင်ငတ်မွတ်စွာ ဖြတ်သန်းရတော့မှာက သူတို့ ၂ဦး ရဲ့ ကံစီမံရာ ဖြစ်နေပါတော့တယ်။

ကျန်ရစ်သူ တူလေးနဲ့ တူမလေးရဲ့ ရှေ့ရေးအတွက် စိတ်ပူမိတယ်လို့ ဦးလေးဖြစ်သူအန်တောညိုက ဆက်ပြောပါတယ်။

“ အရမ်းကြီးလည်း ဝမ်းနည်းမိတယ်။ စိတ်မကောင်းဖြစ်မိတယ်။ ယူကြုံးမရလည်းဖြစ်မိတယ်။ ပြီးတော့ အမေတို့ ကျနော့် မိဘတို့ ယောက်မရဲ့ အဖေအမေလည်း တကယ်ယူကြုံးမရဖြစ်နေတယ်ပေါ့နော။ သူတို့ငိုတာကို ကြည့်ပြီးတော့ ကိုယ်လည်း စိတ်မထိန်းနိုင်ဘူးဖြစ်တယ်ပေါ့နော။ တွေးလေလေ ပိုဝမ်းနည်းလေလေ ဖြစ်တယ်ပေါ့နော။ “ လို့ သူက ဝမ်းနည်းစွာ ပြောပြနေပါတယ်။

လက်ရှိမှာတော့ မောင်တီးလုံးကို မိခင်ဖြစ်သူရဲ့ အမေ (အဖွား) ဆီမှာ ကျောင်းဆက်တက်ဖို့ လိုအပ်တဲ့အတွက် ဆက်နေနေမှာဖြစ်ပြီး ၆လသား နို့စို့အရွယ် သမီးငယ် အန်ဂျေးလာ ကိုတော့  အခြေအနေအတိုင်းအတာ တစ်ခုအထိ ဝါရီကောခူစစ်ရှောင်မှာ ဆေးဖက်ဆိုင်ရာကူညီပေးနေတဲ့ အရံသားဖွား ဆရာမ တစ်ယောက်က စောင့်ရှောက်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့် မိဘဖြစ်သူ၂ဦးကလည်း ရုတ်တရက် ဆုံးပါးသွားတာဖြစ်သလို လက်ရှိအချိန်မှာ စစ်ရှောင်နေရတာဖြစ်တဲ့အတွက် သူတို့ ၂ဦးအတွက် အခက်အခဲတွေတော့ ရှိတယ်လို့ ကုန်းသာစစ်ရှောင်စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာမ ရို့စ်က ပြောပါတယ်။

“ ရှေ့ရေးခါကျတော့။ စားဝတ်နေရေးလည်းရှိတယ်။ ပညာရေးလည်းရှိ။ ကျန်းမာရေးလည်းရှိတယ် ဆိုတဲ့အခါကျတော့ ကျမတို့အနေနဲ့ အရမ်းဆင်းရဲတော့ သူတို့ကို ထောက်ပံ့ပေးဖို့ အရမ်းခက်ခဲလိမ့်မယ်လို့ ကျမထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် နှစ်ဖက်မိဘတွေလည်း အရမ်းဆင်းရဲတယ်။ အခုကလေးကလည်း လသားအရွယ်ပဲရှိသေးတယ်ဆိုတော့ သူသောက်ဖို့ နို့ကအစ ကျမတို့ လိုက်ရှာပေးရမဲ့ အနေအထားတွေ ရောက်နေတယ်ပေါ့နော။ သူ့ကို ထိန်းသိမ်းဖို့သပ်သပ် အဲ့လိုမျိုးပေါ့နော။ “ လို့ ဆရာမ ရို့စ်က ပြောပါတယ်။

ကရင်နီပြည်မှာဆိုရင် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၆ရက်နေ့အတွင်း လက်နက်ကြီး ကြောင့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရသူ ၁၀ဦး နဲ့ သေဆုံးသူ နှစ်ဦးရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီကနေပြီး ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာတွေကို ပြုလုပ်နေတာဖြစ်တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

အခုလို ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ မပြုလုပ်ဖို့ အန်တောညိုက တောင်းဆိုပါတယ်။

“ အခုလိုမျိုး အပြစ်မရှိတဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တဲ့ စစ်ကောင်စီကိုလည်း အရမ်းကြီးတော့ မုန်းတီးတယ်ပေါ့နော။ နောက်ပြီးတော့ ဒါလည်း မလုပ်သင့်တဲ့ အရာတစ်ခုပေါ့နော။ ဒီအပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုဖို့ အဲဒါတစ်ခုလေးတော့ ပြောချင်တယ်။ နောက်ပြီးတော့ တောင်းဆိုချင်တာပေါ့နော။ အပြစ်မဲ့ပြည်သူတွေရှိတဲ့နေရာကို မတိုက်ခိုက်ဖို့ လက်နက်ကြီးတွေမထုဖို့ ပြောချင်တယ် အဲတစ်ခုပေါ့နော။ “ 

အခုလို စစ်ကောင်စီကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိဘမဲ့ဖြစ်ခဲ့ရတဲ့ ကလေးငယ်တွေကို ကူညီမှုပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် တာဝန်ရှိသူ တစ်ီဥးကပြောပါတယ်။

“ လောလောဆယ်တော့ ကျနော်တို့ဒီ လုပ်ဆောင်မှုတော့ မရှိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ စီစဉ်ထားတာပေါ့နော။ နောက်ပိုင်းမှာ လုပ်ပေးဖို့ရှိတယ်။ လောလောဆယ်တော့ ကျနော်တို့ ဘတ်ဂျက်လိုင်းရအောင် စီစဉ်နေတုန်းပဲရှိသေးတယ်ပေါ့နော။ နောက်ပိုင်းဆိုရင်တော့ အဲဒီလိုလုပ်ဖို့ရှိတယ်။ NGO တို့ INGO တို့နဲ့ ချိတ်ပြီးတော့ ကျနော်တို့ ကူညီဖို့တော့ရှိတယ်ပေါ့နော။ အခုလက်ရှိ ကလေးသူငယ်တွေ သူ့မိဘဆုံးသွားတာတွေကို ကူညီပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ” လို့ သူက ပြောပါတယ်။ 

ဒီလိုရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ထိခိုက်ဒဏ်ရာရသွားတဲ့ အရပ်သားပြည်သူတွေကို ပြည်တွင်းကရော၊ ပြည်ပက သက်ဆိုင်တဲ့ အစိုးရအဖွဲ့အစည်းတွေ ကူညီပေးနိုင်မှုနဲ့ ကျူးလွန်သူတွေကို တိတိကျကျ အရေးယူနိုင်မှုဟာ ရှိမနေသေးပါဘူး။

ဒီကနေ့ ( အောက်တိုဘာလ ၂၆ ရက်နေ့ ) မနက် ၄နာရီအချိန်မှာလည်း လွိုင်ကော်မြို့ ဝါရီကောခူကျေးရွာအတွင်း နေအိမ်တစ်လုံးနား လက်နက်ကြီးကျရောက်ပြီး လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် မိသားစုဝင်သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလိုပစ်ခတ်မှုတွေကို စစ်ကောင်စီတပ်သားတွေဟာ ဆက်လက်ပြုလုပ်နေပြီး အရပ်သားပြည်သူတွေဟာလည်း အကူအညီကင်းမဲ့စွာ စစ်ပွဲတွေကြားမှာ အသက်ကို စတေးနေကြရဆဲဖြစ်ပါတယ်။

ဓာတ်ပုံ - Naylin Kayan MgLin

စကစ(၁၂၀) မမ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၇နှစ်ကျောင်းသားတစ်ဦး ထိခိုက်ပြီး ဘုရားကျောင်းကိုလည်း ပျက်စီးမှုရှိ

ကန္တာရဝတီတိုင်း(မ်)

Website တွင်ဖတ်ရန် - https://bit.ly/3LQYHzT

ယမန်နေ့ (စက်တင်ဘာလ ၂၈ရက်) ညနေ ၉နာရီ ၁၀မိနစ်အချိန်မှာ စစ်ကောင်စီပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးကြောင့် ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ နှစ်ခြင်းဘုရားကျောင်းတစ်ကျောင်းပေါ် လက်နက်ကြီး ကျရောက်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ လက်နက်ကြီးကျတာက ဘုရားကျောင်းမှာ သူတို့က ဆရာတော်အိမ်မှာ သူတို့ ၃ယောက် စာကျက်ရင်းနဲ့ သူ့တစ်ယောက်ကိုပဲကျည်စက အိမ်ကို ထိုးပေါက်ပြီး သူ့ကိုထိသွားတာ။ အခုလောလောဆယ် ဆေးရုံပို့ထားတယ်။ ဗိုက်ထိမှန်တာ ဒဏ်ရာက နည်းနည်းပြင်းတော့ အူက အပြင်ထိ ထွက်ကျလာတယ် “ လို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

လက်နက်ကြီး ထိမှန်တဲ့ ကျောင်းသားဟာ ၉ တန်းကျောင်းသားဖြစ်ပြီး လက်နက်ကြီးကျတဲ့  ကျေးရွာဒေသခံ လူငယ်တစ်ဦး ဖြစ်ပါတယ်။ ကျေးရွာထဲ ၁၂၀ မမ လက်နက်ကြီး တစ်လုံး ကျရောက်ခဲ့တာဖြစ်ပြီး နှစ်ခြင်းဘုရားကျောင်း တစ်ကျောင်း ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ယမန်နေ့ညမှာလည်း ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်တာတွေ ရှိတယ်လို့ သိရပါတယ်။ ကရင်နီပြည် အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေပြီး လက်နက်ကြီး နေ့စဉ်ရက်ဆက် ပစ်ခတ်တာတွေ ပိုမိုများလာသလို စက်တင်ဘာလအတွင်းမှာ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူ ၉ဦး အထိ သေဆုံးနေပြီဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာက ဒေသခံတွေလည်း သေဆုံးမှုဖြစ်စဉ်လည်းရှိနေပါတယ်။

စစ်ကောင်စီအာဏာသိမ်းကာလအတွင်း ကရင်နီပြည်မှာ တိုက်ပွဲကြောင့်၊ လက်နက်ကြီး ကျရောက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အဦး ၂၅လုံး အထိ ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက စက်တင်ဘာလ ၁ရက်နေ့မှာ ဖော်ပြထားပါတယ်။

-------------------------------------------------------
Website (Bur) - www.kantarawaddytimes.org
(Eng) -  www.ktnews.org
Facebook (Bur) - www.facebook.com/KantarawaddyTimes
(Eng) - www.facebook.com/ktimeseng
Twitter - twitter.com/KantarawaddyTim
Youtube - www.youtube.com/user/MrKtimes
Soundcloud - soundcloud.com/kantarawaddy-times
Kantarawaddy Times App - https://play.google.com/store/apps/details?id=com.mmhash.kantarawaddytimesnews&fbclid=IwAR0v5dTTpwjHbWpfgxrdnHNd8Abq04Qv5RdG355asrSD5vkvPJHdmovUG6Q

ရဲရဲတောက် တို့စစ်ကိုင်းတိုင်း

တို့ပြည်သူတွေ ယခုအချိန်မှာ ဒီလိုမျိုး ချီတက်မှ ငါတို့ကြိုက်တယ်။

မိုးဗြဲမြို့တွင် စစ်ရေးတင်းမာနေလို့ ဒေသခံ‌များ အိမ်မပြန်ကြသေးဖို့ လွိုင်ကော် PDF သတိပေး

ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်

မိုးဗြဲမြို့ပေါ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အိမ်မပြန်သေးဖို့ လွိုင်ကော် PDF က စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်းမှာ သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။ 

စစ်ကောင်စီတပ်သားတွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးဗြဲ PDF ၊ လွိုင်ကော် PDF ၊ ဖယ်ခုံ PDF B-01 ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1107 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF တို့အကြား စက်တင်ဘာလ ၁၉ ရက်နေ့ကစတင်ကာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၃ ကြာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိခိုက် ကျဆုံးတာ များပေမယ့် အရေအတွက် အတည်ကျမသိရသေးသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီကို ကြံကြံခံ ခုခံနေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၁၉ ရက်နေ့က ဓားစာခံအဖြစ် ဖမ်းဆီးသွားတဲ့ မြို့နေ ပြည်သူ ၁၀၀ ကျော်ကိုလည်း ၃ ရက်ကြာတဲ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ - PDF Loikaw

စကစမှ လက်နက်ကြီနှင့်း ရမ်းသမ်းပြစ်ခတ်မှုကြောင့် ကလေးလူကြီး အသေအပျောက်ရှိပြီး ဒဏ်ရာရရှိသူများလည်းရှိနေ

 
==============================
ဥပဒေမဲ့ စကစမှ လက်နက်ကြီနှင့်း ရမ်းသမ်းပြစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးနှင့် လူကြီး ၂ ဦးသေဆုံးပြီး ၁၃ ဦးထက် မနည်းဒဏ်ရာရရှိသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် အချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးကို ရမ်းသမ်းပြစ်
ခတ်မှု ကြောင့် မိုးဗြဲမြို့၊ မွေတော်ဘုရားရင်ပြင် လက်နက်ကြီးကျရောက်ပြီး ကလေးငယ် ၂ ဦးနှင့် လူကြီး ၂ ဦးထိမှန်သေဆုံးသွားခဲ့အပြင် ၁၃ ဦးထက်မနည်းဒဏ်ရာရရှိသွားပါသည်ဟု သိရသည်။

နေအိမ် ၁၀၀ထက်မနည်းပျက်စီး၊ ပြည်သူ ၅ထောင်ကျော် စစ်ဘေး တိမ်းရှောင်နေရ

ကန္တာရဝတီတိုင်း( မ် )
website တွင်ဖတ်ရန်လင့် - https://bit.ly/3U4ekHW

မိုးဗြဲမြို့အတွင်း တိုက်ပွဲလေးရက်ဆက်တိုက် အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် အရပ်သားနေအိမ် ၁၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု ( PKPF ) ရဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ယမန်နေ့ စက်တင်ဘာလ ၁၁ရက်နေ့ တစ်ရက်တည်းကို မိုးဗြဲမြို့ ပွဲကုန်း ( ၁ )၊ ( ၂ )၊ ( ၃ ) ရပ်ကွက်က နေအိမ် ၄၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာလည်း သေနတ်ငယ် ပစ်ခတ်သံတွေကိုကြားနေရတယ်လို့ PKPF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 

“မိုးဗြဲဒေသခံ အဓိက ပွဲကုန်း ( ၃ ) ပွဲကုန်း ( ၂ ) နဲ့ ပွဲကုန်း ( ၁ ) ကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်။ တိုက်ပွဲကတော့ ဒီရက်အထိ ကြားနေရသေးတယ်ပေါ့နော။ တိုက်ပွဲကတော့ ၅ ရက်မြောက် ဖြစ်သွားပြီပေါ့နော။ လေယာဉ်နဲ့ကတော့ မနေ့ညပါပါဆိုရင် သုံးရက်ဆက်တိုက် ဖြစ်သွားပြီပေါ့။ မနေ့ညက အဆိုးဆုံးပေါ့နော။ ထပ်ခါထပ်ခါ လာပစ်တယ်။ မနေ့ည လေယာဉ်နဲ့ ဗုံးလာကျဲတာကတော့ အဆိုးဆုံးလို့တော့ ကျနော်တို့ ဒီဘက်မှာ မြင်နေရတယ်။” လို့ သူက ပြောပါတယ်။  

မိုးဗြဲမြို့မှာ စက်တင်ဘာလ ၈ ရက်နေ့ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက ကတ်သလစ်ခရစ်ယာန် ဘုရားကျောင်းမှာ တပ်စွဲထားပြီး မြို့တွင်းလုပ်ရှားမှုရှိနေတဲ့အတွက် မိုးဗြဲမြို့ဘက်ကို မသွားလာကြဖို့လည်း ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက အသိပေးတိုက်တွန်းထားပါတယ်။ 

တိုက်ပွဲ ၅ရက်ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ဒေသခံ ၅ထောင်ဝန်းကျင်ဟာလည်း ဘေးကင်းလုံခြုံတဲ့နေရာတွေကို စစ်ဘေးရှောင်နေရပါတယ်။ ဒေသခံတချို့တော့ တိုက်ပွဲဖြစ်ပွားပေမယ့် တောတောင်ထဲ စစ်ဘေးရှောင်ဖို့ အခက်အခဲရှိနေတဲ့အတွက် နီးစပ်ရာတွေမှာပဲ ရှောင်နေကြတယ်လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီက အိုးအိမ်တွေကိုစွန့်ခွာဖို့၊ လက်ငုတ်လက်ရင်း (အသက်မွေး၀မ်းကျောင်းပြုတဲ့အလုပ်)တွေ စွန့်ခွာဖို့ကျတော့အစ်မတို့မှာ တခြားမြို့တခြားနေရာမှာ စစ်ကြီးငြိမ်းချမ်းသွားတဲ့ထိ သွားနေဖို့အတွက်က လုံလုံလောက်လောက်အဆင်မပြေသွားဘူးလေး။ ခနတစ်ဖြုတ်ရှောင်ပြီးရင်လည်း ဒီမှာပြန်လာပြီးပြန်လုပ်စားရမယ်ဆိုရင် အခုကစစ်ပြေးရတာက လူပဲပြေးရတာမဟုတ်ဘူး။ ငွေ ပါပါလိုက်ပြေးရတာမျိုးနော။ တတ်နိုင်သလောက်တော့ အောင့်အီးပြီးတော့မှ ဘုန်းကြီးကျောင်းတွေဘာတွေမှာပဲ ရှောင်နေရတာပေါ့" လို့ မိုးဗြဲ ဒေသခံ တစ်ဦးက ပြောပါတယ်။ 

တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီဘက်က ၆၀ ဦး ထက်မနည်း သေဆုံးခဲ့သလို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၂ ဦး သေဆုံးတာရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နေ့စဉ် တိုက်ပွဲထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအလွန်အကျွံပစ်ခတ်မှုအပြင် လေကြောင်း ၁၅ကြိမ်ခန့် အသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့ရပါတယ်။

ပုံစာ - မိုးဗြဲမြို့တိုက်ပွဲအတွင်း အရပ်သားနေအိမ်ထိမှန်ပျက်စီးမှု မြင်ကွင်းများ။
ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)

All for you


All for you - Dar Nai 

မိုးဗြဲတိုက်ပွဲတွင် ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးတို့ရဲ့ ဈာပနာ အခမ်းအနား


ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ ၁၁ရက်နေ့ မိုးဗြဲမြို့တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို နဲ့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ ရဲဘော် ဟင်နရီ (ခ) ရီးရယ် တို့ နှစ်ဦးရဲ့ ဈာပနာအခမ်းအနားကို

ကုန်းသာတိုက်ပွဲအတွင်းကျဆုံးသွားတဲ့ DMO-PDF

ကုန်းသာတိုက်ပွဲအတွင်းကျဆုံးသွားတဲ့ DMO-PDF ရဲဘော်တစ်ဦး

ကန္တာရဝတီတိုင်း( မ် )
website တွင်ဖတ်ရန်လင့် - https://bit.ly/3qwS3oC
ကရင်နီပြည် ဒီးမော့ဆိုမြို့ ဒေါငံခါးနဲ့ ကုန်းသာကျေးရွာအကြား တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ DMO-PDF ရဲဘော်တစ်ဦးဖြစ်တဲ့ မောင်ဖရန်းမင်းအောင်( ခ ) ဘူးဒူကို ယမန်နေ့ စက်တင်ဘာလ ၁၁ရက်နေ့မှာ သင်္ဂြိုလ်ပြီးစီးခဲ့တယ်လို့ DMO-PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 

မိုးဗြဲစစ်ပွဲ

၂၀၂၂ စက်တင်ဘာ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပွဲကုန်း (1) (2) (3) ရပ်ကွက် နေအိမ်အလုံး ၄၀ ထက်မနည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါသည်။ ၄ ရက်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် နေအိမ် အလုံး ၁၀၀ ထက်မနည်းပျက်စီးနေသည်။ စစ်ကောင်စီဖက်၌ တပ်သားပေါင်း အယောက်(၄၀)ထက်မနည်း ကျဆုံးမှုရှိနိုင်ပါသည်။ 
မိဘပြည်သူများကို မိုးဗြဲ ဖယ်ခုံ လမ်းမ အသွားအလာခြင်း မလုပ်ကြရန် Karenni People's page မှ သတိပေးမေတ္တာရပ်ခံ နေပါသည်။ 
စစ်ကောင်စီ‌ကြောင့်
မိုးဗြဲမြို့ရှိ အိမ်များ အခုလို ပျက်စီးနေပါသည်။ 
#crdPKPF
သတင်းနှင့်ပြန်ကြားရေးဗျူရို

#karennipeoplepage

Chili

Chili 
Do you believe that the hotness of pepper pods boosts your energy? The heat of the pepper strengthens the blood circulation in the body, strengthens blood flow to the genitals, including the heart, lowers cholesterol levels and prevents blood clots. It also breaks down fats in the body. It also protects against some diseases that do not like heat. Pepper is a favorite of Asians.
 ငရုတ်သီး
ငရုတ်သီးတောင့် ရဲ့ Hot ဖြစ်မှု က သင့်စွမ်းအားကို မြှင့်တင်ပေးတယ်ဆိုတာ ယုံပါသလား ? ငရုတ်သီးရဲ့ အပူဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု ကိုအားကောင်းစေသောကြောင့် နှလုံး အပါအဝင် လိင်အင်္ဂါ အစိတ်အပိုင်းများ အထိ သွေးစီးဆင်းမှု ကို အားသန်စေပြီး ကိုလက်စတော ပမာဏ ကိုကျဆင်းစေကာ သွေးခဲချင်းကို ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းရှိ အဆီများကိုလည်း ခြေဖျက်ပေးတယ်။ အပူကို မကြိုက်တဲ့ ရောဂါအချို့ကိုလည်း ကာကွယ်ပေးတယ်။ ငရုတ်သီးဟာ အာရှလူတွေက သိပ်ကြိုက်တဲ့ အရာဖြစ်တယ်။ 

ရေယိုကျေးရွာအတွင်း သတ်ဖြတ်ခံရသူတွေမှာ အသက်၁၈နှစ်မပြည့်သေးသူ ၄ဦးပါဝင်


လွိုင်ကော်မြို့နယ် ရေယိုကျေးရွာအတွင်း သတ်ဖြတ်ခံရပြီး အိမ်သာကျင်းထဲ ပစ်ထည့်ခံရတဲ့သူတွေထဲမှာ အသက်၁၈နှစ်မပြည့်သေးတဲ့ နာနတ်တောက လူငယ်၄ဦးပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတ်ဖြတ်ခံရသူမှာ အသက် ၁၇နှစ်အရွယ်သာရှိသေးတဲ့ မောင်ယူဂျင်း၊ မောင်ဖီဒေးလယ်နဲ့ မောင်ဒေးဗစ်ကျော်စိုး(ခ) ကျော်ကျော် ၊ အသက် ၁၆နှစ်သာရှိသေးတဲ့ မောင်ဂျွန်ပေါလ်တို့ဖြစ်ပါတယ်။  

သေဆုံးသွားသူထဲ မောင်ယူဂျင်းဟာ တစ်ဦးတည်းသော သားဖြစ်ပြီး မကြာသေးခင်က သူ့ရဲ့ ဖခင်ဟာ နာမကျန်းဖြစ်ပြီး သေဆုံးသွားတာတယ်လို့ ယူဂျင်းရဲ့ အဒေါ်ဖြစ်သူက ပြောပြပါတယ်။
သေဆုံးသူတွေထဲ မောင်ယူဂျင်းပါသွားကြောင်းကိုလည်း အတည်ပြုတယ်လို့ သူက ဆက်ပြောပါတယ်။ 

“ ၂၇ရက်နေ့ ၃နာရီခွဲမှာ သူ့အမေက သတင်းရောက်လာတယ်။ ကြည့်ပါအုံး။ ငါ့သားရော ဟုတ်ရဲ့လား ကြည့်ပါအုံး။ မမက ကြည့်လိုက်တာတော့ မဟုတ်လောက်ပါဘူး။ သေချာမေးကြည့်အုံး အင်္ကျီဘာအရောင်ဝတ်ထားတာလဲ။ တွေ့တဲ့လူကို မေးကြည့်လိုက်အုံး အဲ့ဒီနေ့က အင်္ကျီဘာအရောင်ဝတ်ထားတာလဲ။ နောက်ဆုံး သူ့ပုံကို ပို့လာပေးတာ အမလေး မမတူလေးကို နောက်ဆုံးသတ်သွားတာ သိလား။ အားလုံးထဲမှာ မမတူလေးက နောက်ဆုံးမှသေရတာသိလား။ အခုပုံစံကြည့်ရတာ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ရုပ်ပျက်ကုန်ပြီးလေ။ သူတစ်ယောက်ဘဲ ရုပ်သိပ်မပျက်တာ။ “ မောင်ယူဂျင်းရဲ့ အဒေါ်က ပြောပါတယ်။

သေဆုံးသူတွေမှာ လွိုင်ကော်မြို့ နောင်ယားနဲ့ နာနတ်တောရပ်ကွက်က လူငယ်တွေသာ ဖြစ်ပြီး စစ်ကောင်စီက သတ်ဖြတ်ထားတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေး ညွှန်ကြားရေးမှူး ဆရာ ဗညားက ပြောပါတယ်။

“ အိမ်မှာ ကျန်ခဲ့ပြီးတော့ အိမ်တွေကို စောင့်ရှောက်နေတဲ့ လူငယ်တွေဖြစ်တယ်။ အဲ့တာကို စစ်ကောင်စီက ၂၄ရက်နေ့ ၂၅ရက်နေ့ကတည်းက နယ်မြေရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ရွာတွေကို အိမ်တွေကို ရပ်ကွက်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းပြီးတော့ လိုက်လံမွေနှောက်တာတွေရှိတယ်။ စစ်ဆေးမေးမြန်းပြီးတော့ ဖမ်းဆီးသွားတာတွေ ရှိတယ်ပေါ့နော။ အဲ့ဒီအထဲမှာ လူငယ်တွေ ပါသွားခြင်းဖြစ်တယ်။ အဲ့တော့ ၂၄ ၊ ၂၅ရက်နေ့မှာ ဖမ်းဆီးသွားပြီးတော့ ဒီရေယိုရွာပေါ့။ သူတို့က လမ်းကြောင်းနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဒီဘက်က လာတယ်ပေါ့နော။ နာနတ်တောကနေတစ်ဆင့် ရေယိုဘက်ကို ဆင်းလာပြီးတော့မှ အဲ့ဒီလူငယ်တွေကို ညှင်းပန်းနှိပ်စက်ပြီးတော့မှ နောက်ဆုံးမှာတော့ သေနတ်နဲ့ ပစ်ခတ်ပြီးတော့ သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ လုံးဝ ၁၀၀ရာခိုင်နှုန်း အတည်ပြုနိုင်တဲ့ အချက်အလက်တွေကို ကျနော်တို့ ပြန်ရပါတယ်။“ လို့ ဆရာဗညားကပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်ထားတဲ့ ဒေသခံ ၁၀ဦးအထိရှိနေတယ်လို့ ဆရာဗညားက ဆက်ပြောပါတယ်။

https://bit.ly/3umQFbB

ပြည်သူနေအိမ်တွေမှာ ပစ္စည်းခိုးယူနေတဲ့ သူခိုးတစ်ဦး ဖမ်းမိ



ဒီကနေ့(ဇန်နဝါရီ ၁၈)ရက် မနက်ပိုင်း ၁၀နာရီခွဲ အချိန်မှာ ပြည်သူတွေရဲ့ နေအိမ်မှာ ပစ္စည်းခိုးယူနေတဲ့ သူခိုးတစ်ယောက်ဖမ်းမိခဲ့တယ်လို့  ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။

“ ဒီ ဒေါဥခူ အနောက်ပိုင်းရပ်ကွက်လောက်မှာကျမယ်။ အဲ့ဒီမှာ ကျနော်တို့ ဒီနယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ပေါ့။ ကင်းတွေ ဘာတွေ ကျနော်တို့ ချရင်းနဲ့ အဲ့ဒီမှာ အဲ့ဒီအိမ်မှာကလည်း အိမ်ပိုင်ရှင်ရှိတယ်။ ဖြစ်ချင်တော့ ကျနော်တို့ ရောက်သွားတဲ့ချိန်နဲ့ ကွက်တိ တိုးသွားတာပေါ့နော။ အဲ့မှာ သူက ဆိုင်ကယ်ကို ခိုးနေတာ။သူက ဆိုင်ကယ်တစ်စီးခိုးနေတော့ အိမ်ရှင်ကနေပြီး လိုက်တားတော့ အိမ်ရှင်ကို သူဒုတ်နဲ့ တစ်ချက်လောက်ရိုက်တယ်။ ရိုက်တဲ့အချိန်မှာ ကျနော်တို့က အတင်းဝင်ဖမ်းရင်းနဲ့ တစ်ယောက်ပဲမိခဲ့တယ်။ သူတို့လာခိုးတာတော့ နှစ်ယောက် လာခိုးတာပေါ့။ တစ်ယောက်မိတယ် တစ်ယောက်ကတော့ ထွက်ပြေးသွားတာပေါ့နော။“ 

ဖမ်းမိထားတဲ့သူကို KDF ကနေပြီးတော့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့(KSP) ထံကို ဒီကနေ့ မှာပဲ လွဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။ လွိုင်ကော်မြို့မှာဆိုရင် တိုက်ပွဲကြောင့် ပြည်သူတွေ  စစ်ဘေးရှောင်နေကြရပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို လိုက်လံခိုးယူနေတဲ့ မဿမာသူတွေလည်း ရှိနေပါတယ်။

တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ ကရင်နီပြည်နယ်အတွင်းမှာ ဒေသခံပြည်သူတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရတာပါ။ 

ဒီလိုအခြေအနေကို အခွင့်ကောင်းယူကြတဲ့ မသာမာသူတွေက ပြည်သူတွေရဲ့ နေအိမ်ကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူနေတာတွေ ရှိနေပါတယ်။ မဿမာသူတွေကို KNDFအနေနဲ့ ထိထိရောက်ရောက် အရေးယူမယ်လို့ လည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ကနေပြီး ဇန်နဝါရီလ(၁၀)ရက်နေ့မှာ ထုတ်ပြန်ထားတာလည်း ရှိပါတယ်။

ဒီကနေ့မှာဆိုရင်လည်း လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီဖက် လက်နက်ကြီးတွေ ထုနေတဲ့အတွက် ပြည်သူတွေရဲ့ နေအိမ်တချို့ ပျက်စီးတာတွေလည်း ရှိနေပါတယ်။Photo by KDF