ကယားသဇင်
သြဂုတ် ၂ . ၂၀၁၃
အဝေးရောက်နေတဲ့
သားလေး နယ်စပ်တစ်နေရာမှ အမေ့ကို သတိရစာရေးလိုက်ပါတယ်။ နေကောင်းကျန်းမာပါစေနော်မေ မေ။
မွေးရာဇာတိ ဇာနပုဒ်လေးနဲ့ အမေ့ကို လွမ်းနေတယ်။ အမေတို့နဲ့ ပျော်ပျော်ရွှင်ရွင် နေခဲ့တဲ့
မိသားစုဘ၀ အတိတ်အကြောင်းရယ် ရွာလေးကိုပါ တွေးရင်း အမြန်သာ ပြန်ရောက်ချင်တယ်။
သားလေးက
အမေတို့နဲ့ ဇန္န၀ါရီလစောပိုင်း ဟေမာန်ဆောင်းရာသီချိန် ရွာလေးနဲ့ ခွဲခွာခဲ့ရတာ (10)နှစ်ရှိပြီ။
ကံကြမ္မာရဲ့လှည့်ကွက်ကြောင့် ဝေးကွာနေခဲ့ရတယ်။ နေပူပြင်းထဲ အလုပ်လုပ်နေရှာ၊ ခမောက်မဆောင်းဘဲ
နွေမိုးဆောင်း သုံးရာသီလုံး ချွေးတစက် မျက်ရည်တစ်ပေါက် သားရဲ့ရေးအတွက် ရုန်းကန်နေတဲ့အမေ
ဒီအချိန်ခါမှာ အမေ့ကို ထားရစ်ခဲ့ပြီးမှ တစ်မြေခြားမက ရေမြေခြားခွဲခွာနေရတာ ၀မ်းနည်းစရာကောင်းတဲ့
မဟာနေ့စွဲလေးပါ။
မေမေရင်နာခဲ့ဖူးတဲ့
လုပ်ငန်းတစ်ခုကို အမေ့အသဲနှလုံးထဲမှာ ဒီစာလေးဖတ်ရင် စွန့်ပစ်နိုင်လောက်တဲ့အထိ ဖြစ်နေလိမ့်မယ်။
အမေ သားလေးရဲ့ လုပ်ငန်းနဲ့စာအပေါ် တွေးနေတဲ့ အတွေးဟာ အဆုံးမသတ်နိုင်တဲ့ သမုဒ္ဒရာလို ဖြစ်နေလိမ့်မယ်။
ဒါပေမယ့် အမေရယ် အမေနဲ့ ခွဲခွာခဲ့ရတဲ့ နှစ်လရက်ပေါင်းတိုင်းမှာ မိနစ်စက္ကန့်မလပ် အမေ့ကို
အမြဲမဟူ သတိရနေတယ်။
သာယာဝပြောလှတဲ့အချိန်
သားလေးတို့ဘ၀မှာ နွံထဲနစ်နေတုန်းပဲလား တွေးထင်နေမိတယ်။ သားတို့အသက်ရှင်ဖို့ အလင်းလိုနေသလို
သက်ရှူဖို့လဲ လေလိုနေတယ်။ အမေရယ် သားလေး မျှော်လင့်ချက်တွေ ကံကြမ္မာ လှည့်ကွက်ကြောင့်
ပျောက်ဆုံးနေခဲ့ရပြီ။
ဆိုးဝါးတဲ့
အတ္တအမုန်း ပင်လယ်ရဲ့ တစ်ဘက်ကမ်းမှာရှိတဲ့ အမုန်းတရားတွေဆီမှာ ထားရစ်ခဲ့ပြီး အိမ်မက်သစ်နဲ့
အနာဂတ်သစ်ခရီး လျှောက်လှမ်းနေတော့မယ် အမေ။
အခုသားလေးမှာ
အဖေရဲ့လုပ်ငန်းစဉ်ကို မပပျောက်ဖို့ အဖေ့ရဲ့ခြေရာကို နင်းလျှောက်နေပါတယ်။ နေရဲ့အလင်းရောင်ကို
ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အားလုံးညအလင်းရောင်ရစေဖို့ သားလေး မဲဇာမြိုင် ရောက်နေတာပါ။
အမေ့ရဲ့ သားလေးမှာ မျှော်လင့်နေတဲ့ ခရီးတစ်ခုကို ပွင့်တဲ့ပန်းတိုင်း မွှေးစေချင်တာပါ။
သားလေးက ဒီချိန်မှာ အခက်ခဲများစွာနဲ့ အဖော်ပြုနေရတာပါ။
အမေနဲ့
ဝေးနေပေမယ့်လည်း အမေဆိုတဲ့ စကားလုံးဟာ သားရဲ့ နှလုံးသားထဲ အမြဲနွေးထွေးလှတဲ့ အမေ့မေတ္တာရှိနေပါတယ်။
နှိုင်းဆလို့ မရတဲ့ အမေ့ရဲ့ မေတ္တာအပြုံး ပြုစုယုယမှု အမေ့ရဲ့ သွေးသားရှိနေပါတယ်။ အင်အားကုန်ခမ်းပြီး
သားလေးကို လူ့လောက်ကြီးထဲ တိုးဝင်နိုင်ဖို့ အသက်ဖြင့် ရင်းပြီး မွေးခဲ့ရတယ်။ အမေရဲ့
ကျေးဇူး နို့တစက် အကြွေးကိုတောင် မဆပ်နိုင်ခဲ့တဲ့ သားဆိုးလူမိုက်တစ်ယောက်ပါ။ သားငယ်ငယ်တုန်းက
အမေပြောနေမြဲတဲ့ စကားတစ်ခွန်း အမေဖြစ်စေချင်တဲ့ လူသားတိုင်းအားလုံး လွတ်လပ်မျှော်စင်ကြီးဆီ
ရောက်စေဖို့ သားလုပ်ဆောင်နေဆဲပါ အမေ။
အမေ
လူသားအားလုံးရဲ့ ဘ၀မှာ မိုးကုတ်စက်ဝိုင်းရဲ့ ဟိုတစ်ဘက်ခြားက ထွက်လာမယ့် နေ့သစ်အလင်းရောင်ရဲ့
အာရုဏ်ဦးကို စောင့်မျှော်နေတဲ့ အနာဂတ်လူသားတွေပါ။ ကမ္ဘာကြီးရဲ့စွမ်းပကား လှုပ်ရှားမှုတွေကို
ရပ်တန့်ဖို့ တမ်းတနေကြတာပါအမေ။
ဒီလိုဘ၀မှာလေး
လှောင်ချိုင့်ထဲမှာ ချုပ်နှောင်ထားခံရတဲ့ ဌက်ပမာလို လှောင်ချိုင့်ရဲ့ အပြင်မှာ အကူညီမဲ့စွာနဲ့
တောင်ပံတဖျက်ဖျက်ခတ်နေတဲ့ ဌက်ကလေးတွေလို အသိုက်ထဲက ပါးစပ်တဟဟတဲ့ ဌက်ကလေးတွေလို ခံစားနေရပါတယ်။
ဒါပေမယ့်
အမေ ဒီလိုဘ၀မျိုးဟာ မိုးကောင်းကင်ပြာကြီး မကြာခဏ ရွေ့ဆိုင်းနေတဲ့ မိုးတိမ်လွှာတွေရဲ့
နောက်ကွယ်မှာ တောက်ပနေတဲ့ အလင်းရောင်ရှင် မဟာ နေမင်းကြီး ထွက်ပေါ်ဖို့ စောင့်မျှော်နေတဲ့
လူသားတွေပါ။
သားတို့လို
ဘ၀တူ ထပ်တူထပ်မျှ ခံစားနေရတဲ့သူတွေ ထီးမပါပဲ လမ်းလျှောက်နေပြီး မိုးရွာလို့ သစ်ပင်အောက်မှာ
မှီခိုကြပြီး မိုးတိတ်ဖို့ စောင့်နေတဲ့သူတွေဖြစ်နေတယ်။
မိုးတိတ်သွားရင်
အေးအေးချမ်းချမ်းနဲ့ အိမ်ပြန်နေမယ့် သူတွေဖြစ်တယ်။ သားလည်း အဲ့လိုပါပဲ။ ပျော်ရွှင်နေတဲ့
ဒီချိန်မှာ ဆောင်းတွင်းအတိတ်ကို သတိရ ရင်းနဲ့ အမေ့ရွာကို ကျောခိုင်းထွက်သွားတဲ့ သားလေးရဲ့
မြင်ကွင်းပါ။ အချိန်တန်ပြီး မိုးတိတ်သွားရင် အမေ့ဆီကို အမြန်ဆုံးအပြေးပြန်ခဲ့ပါမယ်။
စောင့်နေပါဦးနော် .. အမေ ---။
ဆောင်းတွင်းအချိန်မှာ
ဖွေးဖွေးဖြူနေတဲ့ ငွေနှင်းမှုန်ကလေးတွေ ကျနေတာကြောင့် ကွင်းပြင်တွေဟာေ၀၀ါးဝါးနဲ့ ဝေးကွာနေတဲ့
တို့အိမ်သားစုကို အရမ်းသတိရတယ်။ ချမ်းအေးလှတဲ့ ဒီရာသီမှာ အလွမ်းအိမ်ရယ် အမေရယ် … ခွဲခွာရတဲ့
အချိန်မို့ ….
Comments
Post a Comment