၆၅ နှစ်ပြည့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အမှတ်တရ

Created on Friday, 09 August 2013 19:45

Written by စူးမယ်

"ဝမ်းအနည်းဆုံးက ပထမတချက်က ၇၈ခုနှစ်တုန်းက နှစ်ခြားကွဲသွားတယ် အခု ကလလတ ဖြစ်ပေါ်လာတယ်။ ဒုတိယတချက်ကတော့… ဥပမာ… လီးရယ်တို့ နဂါးအဖွဲ့ထောင်တယ်။ နောက်ပြီးခူးရီတို့ အခုခင်များတို့ပြောနေတဲ့ ကယောနီအဖွဲ့ပြန်သွားတာရယ်၊ နောက်ထူကာရီတို့ တယ်နယ်တို့ ရန်သူနဲ့ပူးပေါင်းသွားတာရယ် အဲ့ဒါဝမ်းနည်းဆုံးပဲ။ ရဲဘော်တယောက် ကျသွားတယ်ဆိုရင် ၀မ်းနည်းတော့ဝမ်းနည်းတယ်… ဒါကတော့ဝမ်းနည်းတဲ့ဂုဏ်ယူမှု တရပ်ပေါ့။ ဒါပေမဲ့ လို့ခုဏပြောတဲ့ ရန်သူဆီမှာကိုယ်ကျိုးအတွက် ကားရမယ်၊ စီးပွားရေးရမယ်ဆိုပြီးတော့မှ သွားတဲ့သူတွေအတွက်တော့ တော်တော်ဝမ်းနည်းတယ်။ နောက်သူတို့ကြီးပွားသလား ချမ်းသာသလား နာမည်ကောင်းသလားဆိုတော့လဲ နာမည်ပျက်နဲ့ဘဲ ရပ်တည်နေရတယ်… ဒါဝမ်းနည်းဆုံးပဲ"
ဗိုလ်ချုပ်အောင်မြတ်
၆၅ နှစ်ပြည့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနား မြင်ကွင်း 
(ဓါတ်ပုံ-ကေတီ)
ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ကရင်နီတပ်မတော် ထိမ်းချုပ်နယ်မြေ ညာမိုတပ်စခန်းမှာ နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ ကရင်နီသမိုင်းထဲက နေ့ထူးနေ့မြတ် အခမ်းအနားတရပ်ဖြစ်တဲ့ အတွက် နှစ်စဉ် အခမ်းအနားကျင်းပရာကို သွားတက်လေ့ ရှိပါတယ်။

ဒညင်းသီး ကြိုက်ရင် ဘယ်လိုစားမလဲ

ဒညင်းသီး

မြန်မာ လူမျိုးတို့ အကြိုက်ရိုးရာ အစားအစာဖြစ်သော တညင်းသီး စားခြင်းမှာ အနောက်တိုင်း ဆေးပညာရှင် ဆရာဝန်ကြီများ လုံးဝလက် မခံသော အစားအစာ ဖြစ်သည်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပိတ် ပြီးအသက်အန္တရာယ် ပြုနိုင်သော အစားအစာ ဖြစ်သည်။ များများစား မိ၍ ဆီးလမ်းကြောင်း ပိတ်သွားသဖြင့် ခွဲစိတ်ခန်းဝန်ပြီး သံပိုက်ဖြင့် ဆီးချူရသူ ပင်ရှိသည်ဟု ဆိုသည်။ မြန်မာ လူမျိုးတို့သည် တညင်းသီးကို အဘယ့်ကြောင့် ကြိုက်သနည်း ဟုမူ နှုတ်မြိန်သော အစားအစာဖြစ်၍ဟု ဆိုနိုင်သည်။ တညင်းသီး၏ ထူးခြားသော အစွမ်းသတ္တိမှာ ခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ် မရှိသူတို့စေးထန်သော၊ ဖန်ပြီးစပ်သော အရသာတို့ဖြင့် လျှာပေါ်ရှိ အရသာ ဖုများကို နိုးကြားစေပြီး စားချင် သောက်ချင်စိတ် ဖြစ်လာသောကြောင့် ဖြစ်သည်။

ကဲ... Doaru ပျိုမေတို့ သကြားတစ်ဇွန်းနဲ့ စိတ်ကြိုက် နုပျိုချောမွတ်ပြီးတောက်ပတဲ့မျက်နှာကို ပိုင်ဆိုင်နိုင်ဖို့




အဆင့် (၁) သင်နှစ်သက်ရာ
မျက်နှာသစ်ဆပ်ပြာကိုသုံးပါ။ ရေနွေးနွေးဖြင့်မျက်နှာသစ်ပေးပါ။

အဆင့် (၂) သကြားအနု (Granulated Sugar) ကိုစားပွဲတင်ဇွန်း (၁)ဇွန်းထည့်ပါ။

အဆင့် (၃) မျက်နှာတစ်ပြင်လုံးကို စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် ညင်သာစွာ ပွတ်ပေးပါ။ (မျက်လုံးပတ်ဝန်းကျင်တစ်ဝိုက် မပါပါ)

သကြားရည်ဖြင့် ပလုတ်ကျင်းခြင်းဖြင့် ဆေးလိပ်ဖြတ်ခြင်းကို အထောက်အကူပြုနိုင်



သကြားရည်ဖြင့် ပလုတ်ကျင်းပါက မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု ပိုများလာကြောင်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာ တက္ကသိုလ်မှ သုတေသီများက ပြောကြားသည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု စွမ်းရည်အား စမ်းသပ်ရာတွင် သုတေသီများက နည်းလမ်းနှစ်သွယ်ကို အသုံးပြုခဲ့သည်။ ပထမစမ်းသပ်နည်းမှာ ကိန်းဂဏန်း စာရင်းအင်းများဖြင့် ရောထားသော စာအုပ်မှနေ၍ 'E' ဆိုသော စာလုံးကို ကြက်ခြေခတ်ခြင်း ဖြစ်သည်။

ခြေစွယ်ငုတ်ခြင်း မဖြစ်ရလေအောင်ကာကွယ်နည်း


ခြေစွယ်ငုတ်ခြင်း


ခြေမများတွင် အဖြစ်များသည်။

ခြေစွယ်များ နီရဲ၊ ရောင်ရမ်း၊ နာကျင် လာတတ်သည်။ ခြေသည်း ညှပ်စဉ် ကျန်ခဲ့သော ခြေသည်း စွယ်က အသားထဲ တိုးဝင်ရာက ခြေစွယ် ၀န်းကျင်တွင်၊ ရောင်လာ တတ်သည်။ တစ်ခါတစ်ရံ ပြည်တည် လိုက်လာသည်။ ခြေသည်း ညှပ်ရာတွင် ခြေစွယ် ကျန်ခြင်းနှင့်၊ ရှုးဖိနပ် ကျပ်ကျပ် စီးသည့် အခါ၊ ခြေချောင်းဖျားများ စုညှစ် ခံထားရခြင်း တို့မှာ ခြေစွယ်ငုပ် စေသောအရင်းခံ အကြောင်းများ ဖြစ်ကြ ပါသည်။

ပဒိုင်း (Datura stramoniumLinn) အစွမ်း



ပဒိုင်း (Datura stramoniumLinn) အစွမ်း

မြန်မာ ဆေးကျမ်းများ အလိုအရ ပဒိုင်းညိုသည် ခါး၏။ သက်၏။ စူးရှ၏။ ပူ၏။ အားကို တိုးစေ၏။ မူးယစ်စေ တတ်၏။ အဖျား ရောဂါကို ပယ်၏။ နူနာ၊ ပိုးနာ တို့ကို နိုင်၏။ သန်ကို ကျစေ၏။ ကိုယ်ရေပြား ရောဂါ၊ မြင်းသရိုက်နာ၊ အဆုတ်ပွ ရောင်နာတို့ကို ပယ်၏။ လေကို အထူး ပယ်နိုင်၏။ အသုံးပြုပုံ-အရွက် ကြိတ် ညှစ်ရည် အနည်းငယ်ကို မလိုင်ထုတ်ပြီး နွားနို့နှင့် သောက်ပါက ညောင်းကျ ရောဂါ ပျောက်၏။ မိန်းမများ နို့တွင် ဖြစ်သော အပူကြိတ်နှင့် ရောင်ရမ်းခြင်းတို့ အတွက် ပဒိုင်းရွက်နှင့် နနွင်းကို ကြိတ်အုံ ပေးသော် ပျောက်၏။

မိုးတိတ်ရင် သားပြန်လာခဲ့မယ်

ကယားသဇင်
သြဂုတ် ၂ . ၂၀၁၃

မေမေ …
  အဝေးရောက်နေတဲ့ သားလေး နယ်စပ်တစ်နေရာမှ အမေ့ကို သတိရစာရေးလိုက်ပါတယ်။ နေကောင်းကျန်းမာပါစေနော်မေ မေ။ မွေးရာဇာတိ ဇာနပုဒ်လေးနဲ့ အမေ့ကို လွမ်းနေတယ်။ အမေတို့နဲ့ ပျော်ပျော်ရွှင်ရွင် နေခဲ့တဲ့ မိသားစုဘ၀ အတိတ်အကြောင်းရယ် ရွာလေးကိုပါ တွေးရင်း အမြန်သာ ပြန်ရောက်ချင်တယ်။

ကရင်နီအလံတော်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်

 Define of Karenni Flag ကရင်နီအလံတော်၏ အဓိပ္ပာယ် ဖွင့်ဆိုချက် ꤊꤢ꤬ꤛꤢ꤭ꤜꤟꤤ꤬ ꤙꤢꤧ꤬ꤜꤢꤧ꤬