North Carolinaရှိ ကက်သလစ်ဘာသာသူများ စည်းစည်းလုံးလုံးဆုတောင်းနိုင်ရန် Kannapolishမြို့ မှာ အလယ်ဗဟိုဖြင့် ဆုတောင်းရန် သဘောတူကြ

ကယားဆူး
North Carolina Myanmar Catholic Group
North Carolinaရှိ ကက်သလစ်ဘာသာသူများ စည်းစည်းလုံးလုံးတည်ရှိနေရန်အတွက် တစ်လတခါ တနေရာတည်း စုစည်းဝတ်ပြုဆုတောင်းနိုင်ခြင်းအားဖြင့် North Carolinaပြည် Kannapolishမြို့ မှာ အလယ်ဗဟိုဖြင့် ယနေ့ 2012 အောက်တိုဘာ 07 ရက်နေ့ညနေပိုင်းတွင် သဘောတူ ဆုတောင်းရန် သတ်မှတ်ထားကြပါတယ်။

အမေရိကန်တွင်အခြေချနေထိုင်ကြသည့် မြန်မာကက်သလစ်များသာမက မြန်မာလူထုများသည် ကောင်းမွန်စွာ နေထိုင်ခြင်း၊ ကျန်းမာခြင်း၊ လုပ်ကိုင်နိုင်ခြင်း၊ သားသမီးများကောင်းမွန်စွာ ပညာသင်ကြားနိုင်ခြင်း၊ မိမိ၏ ရိုးရာယဉ်ကျေးမှုနှင့် ၀တ်စားဆင်ယင်မှုများမမေ့ပျောက်ကြရန် ဖာရ်သာက နောက်ကရိုလိုင်း နားပြည် မြန်မာကက်သလစ်ဘာသာသူများကို ၀တ်ပြုဆုတောင်းရန် မှာ ပြောကြားသွားပါသည်။
ထိုသို့ တစ်မြို့နှင့်တစ်မြို့ရှိနေကြသည့် ကက်သလစ်ဘာသာသူများ ရင်းနှီးမှုစေရန်နှင့် ခိုင်မာသည့် မြန်မာကက်သလစ်တစ်ခုဖြစ်စေရန်အတွက် ရည်စူးပြီး စုစုစည်းစည်း ၀တ်ပြုဆုတောင်းနိုင်ရန် အတွက် ကက်သလစ်ဘာသာခေါင်းဆောင်အချို့က ယနေ့ Kannapolish မြို့ စိန်ဂျိုးဇက်ဘုရားကျောင်း မှာ အလယ်ဗဟိုအားဖြင့် သဘောတူသတ်မှတ်ကြပါသည်။
ဝတ်ပြုဆုတောင်းခြင်း
၎င်းကက်သလစ်ဘာသာသူများသည် ကရင်နီနှင့် ချင်း များဖြစ်ကြပါသည်။ ယနေ့မြန်မာကက်သလစ်ဝတ်ပြုဆုတောင်းရန် နီးစပ်ရန်မြို့ဖြစ်သည့် Charlotte, Winston Selam, Highpoint, Greensboro မှ ကရင်နီ၊ ချင်း၊ ကရင်၊ ဗီယမ်းနာလူမျိုးတို့ဖြစ်ပါသည်။ မြန်မာဘာသာနှင့် ၀တ်ပြုဆုတောင်းသွားပါသည်။ နောက်ပိုင်းတွင်မှာ မိမိဘာသာစကားမမေ့ရန်ပျောက်ရန်အတွက် မိမိဘာသာနှင့် ထည့်သွင်း ဆုတောင်းသွားမည်ဟု သဘောတူကြပါသည်။

Comments