မင်းကို စတွေ့ခဲ့တဲ့အချိန်လေးဟာ အင်မတန်ပဲ ၀မ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ အဲ့ဒီနေ့ဟာ အာဇာနည်နေ့ဖြစ်နေပါတယ်။ ပြင်းပြင်းထန်ထန် ဒီလိုမျိုးရင်မခုန်မိခဲ့ဘူး။ ပထမဆုံးပြင်းပြင်းထန်ထန် ရင်ခုန်ခဲ့တယ်။ ဒါပေမယ့် မင်းက ငါ့ကို မသိခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ ပိုပြီး ခံစားလာနေခဲ့တယ်။ မင်းရဲ့ အရောင်အဆင်း တင့်တယ်လှပမှုကို ငါ မဖွဲ့နွဲ့နိုင်ဘူး။
ပူလောင်တဲ့ ရင်ကို အေးချမ်းစေခဲ့တယ်။
……..
တစ်နေ့မှာ ငါ့ရဲ့ အနီးဆုံးလူဖြစ်စေရမယ်လို့ ဆုတောင်းနေခဲ့ပါတယ်။
…….
အဲ့ဒီအချိန်မှာ မင်းရဲ့ တင့်တယ်လှပမှုကို ငါ့ရင်မှာ နေ့သစ်တစ်ရက် ပေါ်ထွက်လာခဲ့ပါတယ်။
…..
မင်းကို စွဲမက်ဆုံးလူဖြစ်ခဲ့တယ်။ တခါတရံ မင်းကို နေ့တိုင်းလို တွေ့စေချင်တယ်။ အဝေးမှ တခါလောက် တွေ့ဖြစ်ခဲ့တယ်။ ဒါပေမယ့် ငါက မ၀ံ့ရဲခဲ့ဘူး။ ကြည့်ယုံတည့်တည့်ပဲ ရှိခဲ့တယ်။ မင်းရဲ့ ဥပေက္ခာမှုကို ခံရမှာ စိုးရိမ်နေလို့ မင်းအနား မကပ်ရဲခဲ့ပါဘူး။ အတွေးထဲမှာပဲ မင်းကို မြင်ယောင်ခွင့် ရှိခဲ့တာကို ကျေနပ်နေခဲ့ပါတယ်။
---
မထင်မှတ်ပဲ အာဇာနည်နေ့ ရောက်ပြန်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ မင်းနဲ့ ခင်မင်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး မင်းနဲ့ ရင်းနှီးနေခဲ့ပါတယ်။ ခဲနေတဲ့ အချစ်စစ်ဟာ မင်းရဲ့ ပဲတင်သံလေးက ငါ့ရဲ့နှလုံးသားကို အရည်ပျော်အောင် ပြောင်းပစ်စေခဲ့တယ်။ မင်းနဲ့ ဆက်ပြီး ခင်မင်ခွင့် ရရှိသွားခဲ့ပါတယ်။ မသိလိုက်ပဲ ငါ့ရဲ့နှလုံးမှ စကားတစ်ခွန်းကို ဒီနှုတ်ခမ်းက ဘာသာပြန်ပေးခဲ့ပါတယ်။
…….
အခုချိန်ထိ မင်းနဲ့ အချစ်ဆုံးလူဖြစ်ပြီး အရင်းနှီးဆုံး လူ ဖြစ်နေခဲ့ပါတယ်။ အခုတော့ မင်းနဲ့ငါဟာ ချစ်သူတွေပေါ့။
…..
Charlotte,NC |
ခေတ်ဆိုးကြီးကာလဖြစ်နေတဲ့ ငါတို့ ပြည်ဟာ အေးချမ်းမှု၊ ငြိမ်းချမ်းမှု မရှိ။ ဒါနဲ့မင်းနဲ့ ဝေးခဲ့ရတယ်။ ငါတို့ရဲ့ ပြည်ဟာ ငြိမ်းချမ်းမရှိပဲ ရက်စက်မှုတွေ ခြိမ်းခြောက်မှု ပြည့်နေခဲ့တယ်။ အဲ့ဒါတွေကြောင့် အချစ်ဆုံးဖြစ်တဲ့ ငါ့မိသားစုရယ်၊ မင်းရယ်၊ ငါ့တို့ပြည်ရယ်ပေါ့ ငါခွဲပြီး အဝေးဆုံး ထွက်သွားနေခဲ့ရတယ်။ ဒါပေမယ့် မင်းနဲ့ အနီးဆုံးဖြစ်ဖို့ ဆုတောင်းနေပါတယ်။ ငါ့မိသားစုနဲ့လည်း ပြန်ဆုံဆည်းဖို့လည်း မျှော်လင့်ပါတယ်။
……
သတင်းတွေကြားတယ်။ လှုပ်ရှားမှုတွေ မြင်နေရတယ်။ ၀မ်းသာနေပါတယ်။ ဒါပေမယ့် ငါတို့နေတဲ့ ပြည်လေးဟာက အိမ်ပြန်လို့ မဖြစ်နိုင်ဘူး။
…….
မင်းကို ထားခဲ့ပြီးမှ ထွက်သွားတာမဟုတ်ပါဘူး။ အားလုံးကို ထားခဲ့တာလည်း မဟုတ်ပါဘူး။ တစ်နေ့မှာ အကျိုးပြုနိုင်စေရမယ်။
……
နောက်တွေ ပျော်ရွှင်ဆုံးသော ငြိမ်းချမ်းဆုံးသော ကမ္ဘာငယ်လေးတစ်ခု တည်ဆောက်နိုင်ဖို့ မှန်းဆပါတယ်။ မင်းနဲ့ ပြန်နီးစပ်ဖို့ ပြက္ခဒိန်ကို အမြဲတမ်း လှမ်းကြည့်နေမိပါတယ်။ ဝေးနေတဲ့ ငါဟာ အားလုံးကို လွမ်းနေပါတယ်။ ငါက မင်းကိုလွမ်းသလို ရွာရယ် ငါ့မိသားစုကိုလည်း လွမ်းတယ်။ ပြန်လည်ဆုံဆည်းဖို့ ကြိုးစားရအုံးမယ် ဒါပေမယ့် တစ်ခါတရံ ဘ၀လမ်းက ကြမ်းလွန်းတယ်။
…….
မင်းနဲ့စဆုံတွေ့တဲ့ နေ့ရက်နဲ့ ပြန်လည်ဆုံဆည်းမှု မပြုချင်ဘူး။ မင်းနဲ့ ဆုံဆည်းဖို့ရက်က သာယာလှပတဲ့ရက် ဖြစ်ပါစေ။ အခုတော့ မင်းကိုပဲ လွမ်းနေရအုံးမှာ။ ။
Comments
Post a Comment