ဘယ်အချိန်မှာ Welcome home နဲ့ ကြိုဆိုခံနေရမှာလဲ မျှော်လင့်နေပါတယ်။ ငါ link တစ်ခုမှာ ဖွင့်မိခဲ့ပါတယ်။ ငါကြည့်လိုက်တယ်။ အဝေးရောက်နေတဲ့ လူတွေကို လက်ကမ်းကြိုဆိုနေကြတယ်။ ဒါပေမယ့် အဲ့ဒီထဲမှာ ပျောက်ဆုံးနေတဲ့ လူတွေလည်း ရှိနေသေးတယ်။ ပြန်လာရာလမ်းကို စောင့်မျှော်နေတဲ့ မျှော်လင့်မဲ့သူက မျက်ရည်ဝဲပြီး ရင်ကို ထုလိုက်ပါတယ်။ တချို့လူတွေက ပွင့်ဖက်ပြီး မျက်ရည်ကိုယ်စီနဲ့ ကြင်နာနေကြတယ်။ နှစ်ပေါင်း၊ လပေါင်းနဲ့ ခွဲနေကြရတာ သေပျော်လောက်ပါပြီလို့ ဆိုတဲ့ သူတွေက ကြားနေရပါတယ်။
မိဘနဲ့ သားသမီး၊ သားသမီးနဲ့ မိဘ၊ လင်နဲ့ မယား၊ ချစ်သူအချင်းချင်းကိုပေါ့။ ၀မ်းသာမဆုံး ကြိုဆိုနေကြပါတယ်။
ငါတို့ မြန်မာပြည်မှာ အိမ်နဲ့မိသားစုနဲ့ ခွဲနေရတဲ့အချို့သူတွေက ပြန်ပေါင်းစည်းနေနေကြပါပြီ။ သူများပါလာမှာလားလို့ မျှော်လင့်နေတဲ့ အမေအို အဖေအိုတို့တော့ ရှိနေမှာပဲ။ မမျှော်လင့်တော့ဘူး ဆိုတဲ့ မိဘ သားသမီးအချို့တွေကတော့ ၀ိညာဉ်ကို မျှော်ကြည့်နေရောက်တော့ပေါ့။
ငါတို့မှာ အိမ်ပြေးသူတွေလား၊ ပြည်ပြေးသူတွေလား၊ ဟိုရေးဒီရေးတွေပါပဲ။ ပြီးခဲ့တဲ့ လတွေမှာ နှစ်ဟောင်းကိုပေါ့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ ကျနော်တို့မြန်မာနိုင်ငံသား ပြစ်မှုတစ်စုံတစ်ခု မရှိဘူးဆိုရင် အချိန်မရွေး ပြန်လာနိုင်ရာ ကျနော်တို့ စဉ်းစားပေးမှာ ဖြစ်ပါတယ်။ သြဂုတ်(၁၇)ရက်နေ့မှ မြန်မာသမ္မတက ဆိုခဲ့ပါတယ်။ ဒါပေမယ့် ငါတို့ ဒုက္ခသည်နဲ့ ပြည်ပကို ထွက်သွားတာ ပြစ်မှုကျူးလွန်နေတယ်လို့ ထင်ရှားနေသလိုပါပဲ။ အကြောင်းမျိုးမျိုးကြောင့် ဆိုတာတော့ ကျူးလွန်နေပါပြီလေး။
ဖြစ်တော့ဖြစ်နိုင်ပါတယ်။ အခုထိလည်းပဲ ကြားနေရပါတယ်။ ဟိုသံဒီသံတွေတော့ ကြားနေပါတယ်။ စကားသံတွေ စက်သံတွေ စသဖြင့် သေနတ်သံက အထိပ်ပါပဲ။ ပြန်လာတော့ လက်ခံပါတယ်။ ပြည်ပြေးသူတွေက ပြေးနေတုန်းပါပဲ။ မြေပြန့်အတွက်ကို လွတ်ငြိမ်းချမ်းသာနေမှာပါပဲ။ ငါတို့တောသူဌေးတွေက တောပြောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရှိနေမှာပါပဲ။
တစ်ခုတော့ရှိတယ်။ ခေါင်းဆောင်အချင်းချင်းတော့ စားပွဲပေါ်မှာ ကောင်းရာညွန်လမ်း ဆိုလား လုပ်သင့် ရှောင်သင့် မဖြစ်သင့်တာတွေ အစရှိသဖြင့်ပေါ့ တိုင်းရေးပြည်ရေးကောင်းဖို့ တိုးတက်ရာတိုက်တက်ကြောင်း ငြိမ်းချမ်းရေးစကားတွေကိုပေါ့ ဆွေးနွေးနေကြမှာပေါ့။ ကျန်ခဲ့တဲ့ မြေပေါ်သူ(လုံခြုံရေး)တွေက သူတို့ လိုရာကို ဆွေးနွေးနေကြတာပေါ့။ ခေါင်းဆောင်တွေဆွေးနွေးနေသလို ငါတို့လည်း ဆွေးနွေးနေကြတာပေါ့။ ဘောပင်နဲ့မရေး၊ ကွန်ပြုတာနဲ့ မရိုက် ကျည်းချင်းကျည်း ရေး၊ ဗုံးချင်းဗုံးပေါ့ အဲ့ဒီလို ဆွေးနွေးနေကြရတာပေါ့။ အဲ့ဒါနဲ့ တဘက်တိုက်ပြီး တဘက်ကို ငြိမ်းချမ်းရေးယူတာ မဖြစ်နိုင်ဘူး။ အကျဉ်းထောင်မှ မကြာမီက လွတ်မြောက်လာသူ ရှမ်းခေါင်းဆောင် ခွန်ထွန်းဦးဆိုပါတယ်။
ဒီလို စားပွဲပေါ် မြေပေါ်တွေမှာ ဆွေးနွေးနေကြတာက ငါတို့ ဝေးမှာလား နီးနေမှာလားတော့ မသိနိုင်တော့ပါဘူး။ ကြားတော့ကြားနေရပါတယ်။ တိုင်းရင်းသားနယ်မြေမှာ တိုက်ပွဲတွေနဲ့ပါပဲ။ ဒီလိုတော့welcome home နဲ့ ဆက်ဝေးနေရတော့မှာပေါ့။ ငါက အိမ်နဲ့ ဝေးနေရတာ နှစ်အသာကြာခဲ့ပါပြီ။ အိမ်ကို သတိရနေပါတယ်။ အိမ်ကို သတိရနေသူတိုင်းပေါ့။ ငါ့မိဘတွေကလည်းပဲ သား .. အိမ်ပြန်လာခဲ့ပါတဲ့။ ဟုတ်ကဲ့ သားပြန်လာခဲ့ပါ့မယ် လို့ ဖြေခဲ့ပါတယ်။
ဘယ်အချိန်မှာ အိမ်ရယ် မိဘရယ် ရွာရယ်တို့က Welcome Home လို့ စာတမ်းထိုးပြီး ကြိုဆိုနေမှာလဲ။ ငါက အဲ့ဒီနေ့ကို မျှော်လင့်ချက်ကြီးပါတယ်။ အခုထိကို အိမ်ပဲ လွမ်းနေရဆဲပါပဲ။
Comments
Post a Comment