Welcome Home



ဘယ်အချိန်မှာ Welcome home နဲ့ ကြိုဆိုခံနေရမှာလဲ မျှော်လင့်နေပါတယ်။ ငါ link တစ်ခုမှာ ဖွင့်မိခဲ့ပါတယ်။ ငါကြည့်လိုက်တယ်။ အဝေးရောက်နေတဲ့ လူတွေကို လက်ကမ်းကြိုဆိုနေကြတယ်။ ဒါပေမယ့် အဲ့ဒီထဲမှာ ပျောက်ဆုံးနေတဲ့ လူတွေလည်း ရှိနေသေးတယ်။ ပြန်လာရာလမ်းကို စောင့်မျှော်နေတဲ့ မျှော်လင့်မဲ့သူက မျက်ရည်ဝဲပြီး ရင်ကို ထုလိုက်ပါတယ်။ တချို့လူတွေက ပွင့်ဖက်ပြီး မျက်ရည်ကိုယ်စီနဲ့ ကြင်နာနေကြတယ်။ နှစ်ပေါင်း၊ လပေါင်းနဲ့ ခွဲနေကြရတာ သေပျော်လောက်ပါပြီလို့ ဆိုတဲ့ သူတွေက ကြားနေရပါတယ်။