အသိမ်းခံတဲ့ ဘိုးဘွားပိုင်မြေများ ကယန်းတောင်သူတွေက ပြန်လည်ရယူလိုကြ

ဇူလိုင် 14. 2013





စစ်အာဏာဖြင့် ဘိုးဘွားပိုင်မြေများ သိမ်းဆည်းခဲ့ပုံ

  ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ အခြေစိုက် ခ.မ.ရ ၄၂၂ တပ်ရင်းမှ ၁၉၉၂ ခုနှစ်ကတည်းက သိမ်းဆည်း ထား တဲ့ ဘိုးဘွားပိုင် လယ်ယာမြေ ဧက ၁၅၀၀ ကျော်ကို
ပြန်လည်ရယူလိုကြောင်း တောင်သူ လယ်သမား များတွေက ပြောပါတယ်
ယာမြေဧက ၈၀ ကျော် အသိမ်းခံထားရသော မိုးဗြဲဒေသခံ ဦးကေဘရ်က “တောင်သူတွေရဲ့ ယာမြေတွေကို သိမ်းပြီးတော့ ဘာမှလည်း မလုပ်ကြဘူး။ ဒါကြောင့် ပြန်ပြီးတော့ တောင်သူတွေရဲ့မြေတွေကို ပေးစေချင် တယ်။ သိမ်းတုန်းကလည်း တပ်ပိုင်မြေဆိုပြီး လက်ညှိုးထိုး သိမ်းခဲ့တာ၊ ဘာလျော်ကြေးမှလည်း မရခဲ့ဘူး”ဟု
ပြောသည်။

ဒေသခံများက လွှတ်တော် မြေသိမ်းမှု စုံစမ်းစစ်ဆေးရေးကော်မရှင်၊ ကယားပြည်နယ် ၀န်ကြီးချုပ်နှင့် ခရိုင် ၀န်ကြီးချုပ်တို့ထံသို့ ဇွန် ၂၅ ရက်က စာတင်ခဲ့သော်လည်း လက်ရှိ အချိန်ထိ ထူးခြားမှု မရှိသေးကြောင်း လည်း ၎င်းက ပြောသည်။

“ နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုကို အလေးထား ဆောင်ရွက် လုပ်ဆောင်နေတဲ့ နေရာမှာ ဒီလို မြေသိမ်း၊ ယာသိမ်းမှုတွေကို အရင်ဆုံး ဖြေရှင်းပေးသင့်တယ်။ သိမ်းထားတဲ့ မြေယာတွေ ပြန်လည် ရရှိအောင်
ပြည်နယ်ဝန်ကြီးချူပ်ကို အကြိမ်ကြိမ် စာတင်ပြီး တောင်းဆိုပေး သွားမယ်”လို့ ကယန်းမျိုးဆက်သစ် လူငယ်များအဖွဲ့၏ လူအခွင့်အရေးဗဟို အလုပ်အမှုဆောင်အဖွဲ့မှ ခူးကျေမင်းက ပြောသည်။

Comments